top of page


To Save Your Time & Energy


Count Formula Error
Formula Error များကို ရေတွက်ခြင်း
ဒေတာတွေ အများကြီး ကိုင် တွယ်ရတဲ့အခါ Error ဘယ်လောက် ပါနေလဲ အလွယ်တကူ Count လုပ်ချင်ရင် အာက်က Formula လေးကို အသုံးပြုနိုင်ပါတယ်။
=SUMPRODUCT(--ISERROR(Cell Range))
Cell Range နေရာမှာ ကိုယ်စစ်ချင်တဲ့ Row, Column, Cell Range စသဖြင့် အစားထိုး ရမှာပါ။
အောက်က ဥပမာပုံထဲမှာတော့=SUMPRODUCT(--ISERROR(C2:C15)) လို့ ရေးထားပါတယ်။ စစ်ချင်တဲ့ Column range က C2:C15 ဖြစ် နေလို့ပါ။
Enter ခေါက်လိုက် တဲ့ အခါ Error သုံးခုရှိတယ်ဆိုပြီး အဖြေရပါတယ်။ C column ကိုပဲစစ်တာ ဖြစ် တဲ့အတွက်B columnn မှာ ရှိတဲ့ Error ကို ထည့် မရေတွက်ပါဘူး။
အောက်ကပုံထဲမှာတော့ A Column က နေ C Column ထိ အကုန်စစ်ထားပါတယ်။
ရေးထားတဲ့ Formula က =SUMPRODUCT(--ISERROR(A2:C15) )
A2 ကနေ C 15 အထိ စစ်မယ်ပေါ့။
ဒါဆို ရင်တော့ အဖြေက 4 ဆိုပြီး ရတာ တွေ့ရပါလိမ့်မယ်။


bottom of page