
Date and Time
Excel မှာ လွယ်ကူပြီး အသုံးဝင်တဲ့ Function တွေထဲမှာ Date and Time function တွေလဲ အပါအ၀င်ပါပဲ။ Date နဲ့ Time Formula က သဘောတရားချင်း အတူတူပဲ မို့ ဆက်တိုက် ဖော်ပြလိုက်ပါတယ်။
သူတို့ရဲ့ Formula က
=DATE(Year,Month,Day)
=Time(Hour,Minute,Second)
အောက်ကပုံလေး ကြည့်လိုက်တာနဲ့ တန်းမြင် သွားမှာပါ။ Results မှာ အောက်ကပုံအတိုင်း မဟုတ်ပဲ အခြား Format တွေနဲ့ မြင်ရနိုင်ပါတယ်။ Format ပြောင်းချင်ရင်တော့ ကိုယ်ပြောင်းချင်တဲ့ Cell ကို Right Click ထောက်၊ Format Cell ကိုသွားလိုက်ပါ၊ အဲဒီကနေတစ်ဆင့် Date နဲ့ Time ၊ကိုယ် လိုအပ်တာကို ကလစ်ပြီး နှစ်သက်တဲ့ Format Sytle ကို ရွေးချယ်ပေးရုံပါပဲ။
