၁။ Drop-Down List လုပ်တော့မယ်ဆို ပထမဆုံး Cell Range တွေကို အမည်ပေးတာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဒီတစ်ခါ အမည်ပေးမှာက Cell Range တွေ အများကြီးဖြစ်တဲ့အတွက် မြန်ဆန် လွယ်ကူအောင် Create from Selection ကနေ အမည်ပေးကြမယ်။

 

အောက်မှာ ကိုယ့်ရဲ့ Cell Range တွေကို Select မှတ်၊ Formula ရဲ့ အောက်က Create From Selection ကို ကလစ်ပေးပါ။ Box တစ်ခုပေါ်လာပါမယ်။ Box ထဲမှာ ကိုယ်လိုအပ်သလို ရွေးချယ်ပေးလို့ရပါတယ်။ ဒီဥပမာမှာတော့ Top Row ကို ရွေးချယ် အမှန်ခြစ်ပေးလိုက်ပါတယ်။ Ok ပေးလိုက်တာနဲ့ City, Yangon, Mandalay, Bago, Taungoo စသဖြင့် အမည်ငါးခု ပေးပြီးသား ရပါပြီ။

၂။ အခု မြို့အမည် ပေါ်ချင်တဲ့နေရာ (အောက်က ဥပမာမှာ City ဆိုတဲ့ Column အောက်က Cell Range) ကို Select မှတ်၊ Data Tab အောက်က Data Validation ကို သွားလိုက်ပါတယ်။ Data Validation Box ပေါ်လာတဲ့အခါ Setting ရဲ့ အောက်က Allow မှာ List ပေးလိုက်ပါတယ်။ Source မှာ =City လို့ပေးလိုက်ပါတယ်။

၃။ အခု City ရဲ့အောက်က Cell Range မှာ မြို့အမည်တွေကို အောက်ပါအတိုင်း ရွေးချယ်လို့ရသွားပါပြီ။ (ဒီဥပမာမှာတော့  Yangon ကိုရွေးချယ်လိုက် ပါတယ်)

၎။ ဆက်လက်ပြီး Township ရဲ့ အောက် က မြို့နယ်ပေါ်စေချင်တဲ့ Cell Range ကို Select မှတ်ပါ။ ပြီးရင် Data Tab အောက်က Data Validation ကိုသွားပါ။ Setting ရဲ့အောက်က Allow မှာ ListSources မှာ =INDIRECT(C2) လို့ ရိုက်ထည့်ပါ။ C2 လို့ရိုက်ထည့်ခြင်းက City ရဲ့ အောက် ပထမဆုံး Column (လက်ရှိ ရန်ကုန် ရွေးထားတဲ့ အကွက်) က  C2 ဖြစ်နေလို့ပါ။

၅။ အခုဆိုရင် Township ရဲ့ အောက်မှာ Drop-Down List ထည့်ပြီးသွားပါပြီ။ Yangon လို့ရွေးတဲ့အခါ ရန်ကုန်မြို့မှာရှိတဲ့ မြို့ နယ်တွေကို ဖော်ပြပေးပြီး Mandalay လို့ရွေးတဲ့အခါ Mandalay က မြို့နယ်တွေကိုပဲ ဖော်ပြပေးသွားမှာပါ။ အခြား မြို့တွေလဲ ထို့အတူပါပဲ။

၆။ ဒီလို Dependent Drop-Down List ရဖို့ INDIRECT function ကို အသုံးပြုခဲ့ပါတယ်။ အခု City ရဲ့ မြို့ အမည်တွေကလဲ စကားလုံးတစ်လုံးထဲပါ။ တကယ်လို့ မြို့နာမည်တွေမှာ စကားလုံးနှစ်လုံးထက်ပိုပြီး ပါတယ်၊ စကားလုံးတစ်လုံးနဲ့ တစ်လုံးကြားမှာ Space တွေပါနေတယ်ဆို INDIRECT function တစ်ခုတည်းနဲ့ မရ တော့ပါဘူး။ စကားလုံးတွေကြားမှာပါတဲ့ Space ကို Underscore နဲ့ အစားထိုးအသုံးပြုဖို့အတွက် SUBSTITUTE function ကို ပေါင်းစပ် အသုံးပြုရပါတယ်။

 

 

အခုအပေါ်က ဥပမာမှာ Yan Gon , Man Da Lay, Monywa, Pegu, Taungoo စသဖြင့် ရေးထားတယ်ဆိုပါစို့။ စကားလုံးတစ်လုံးထဲကော။ နှစ်လုံး သုံးလုံးတွေကော ရောပါနေပါတယ်။ အဲဒီအတွက် ကျနော်တို့ အသုံးပြုခဲ့တဲ့ =INDIRECT(C2) ဆိုတဲနေရာမှာ အောက်က formula လေးအစားထိုးပါ။

 

=INDIRECT(SUBSTITUTE(C2," ","_"))

 

နာမည်တွေထဲမှာပါနေတဲ့ space ကို Underscore ( _ ) နဲ့ အစားထိုးဖို့ SUBSTITUTE ကို အသုံးပြုလိုက်တာပါ။

Dependent Drop-Down List

 

တစ်ခါတစ်ရံ Drop-Down List တွေ တစ်ခုမက အသုံးပြုရတတ်ပါတယ်။

ဥပမာ A1 မှာ မြို့အမည်တွေကိုရွေးဖို့ Data Validation လုပ်ထားမယ်။

A2 မှာ  မြို့နယ်အမည်တွေကို Data Validation လုပ်ထားမယ်။

A1 မှာ ရွေးတဲ့ မြို့ အမည်အပေါ်မူတည်ပြီး A2 မှာ ပေါ်မယ့် မြို့နယ်အမည် Drop Down List က အပြောင်းအလဲ ဖြစ်သွားမယ်ပေါ့။

 

လက်တွေ့လုပ်ကြည့်ကြရအောင်။

ဒီသင်ခန်းစာ ကို လိုက်လေ့ကျင့်ဖို့ Tutorial File ကို   အောက်မှာဒေါင်းပါ။