Formula Errors များကို လျင်မြန်စွာဖြေရှင်းခြင်း

Error တွေပါနေရင် ဘာလုပ်ရမလဲဆိုတာ ကိုယ့်ရဲ့ အလုပ် လိုအပ် ချက် အပေါ်မှာ မူတည်ပါလိမ့်မယ်။ အောက်မှာ အသုံးများနိုင် တဲ့ နည်းလမ်းသုံးခုကို ဖြော်ပထားပါတယ် ကိုယ့်ရဲ့ လိုအပ်ချက် အ ပေါ်မူတည်ပြီး ဘာလုပ် မလဲ ရွေးချယ်ပေးရုံပါပဲ။
 

၁) Error ပါသည့် Row/Column များအား အမြန်ဆုံး ဖျက်ခြင်း

Error ပါတဲ့ Row တွေ Column တွေကို အမြန်ဆုံးဖျက်ဖို့ လိုအပ်နေရင်တော့ Data Filtering ကို အသုံးပြုနိုင်ပါတယ်။ 

 

Data Filtering လုပ်ဖို့ ကိုယ့်ရဲ့ Column ကို Select မှတ်၊ Data Tab အောက်က ကန်တော့ချွန်ပုံ Filter လို့ရေးထားတာလေးကို ကလစ်လိုက်ပါ၊ Filter Function လေး ကိုယ့်ရဲ့ Column ထိပ်ဆုံးမှာ ပေါ်လာပါမယ်၊ အဲဒါလးကိုကလစ်လိုက် ရင် List ကျလာမှာပါ
 

Data Filtering list ထဲမှာ Error တွေက အောက်ဆုံးမှာ ရှိနေတတ်ပါတယ်။ အဲဒီ Error တွေကိုပဲ Select မှတ်၊ အိုကေ ပေးလိုက် ရင် Error ရှိနေတဲ့ Row, Column တွေပဲ ပေါ်လာပါမယ်၊ အဲဒီတော့မှ အလွယ်တကူ Delete row, Delete Column လုပ် ရုံပါပဲ။


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၂) Error များကို စစ်ဆေးခြင်း၊ အမှား ပြင်ခြင်း


ကိုယ့် ရဲ့ Error တွေကို စစ်ပြီး အမှန် ပြင် ရေးဖို့ လိုအပ်နေရင်တော့ Error Checking Function လေးကို သုံးပါ။ Error Checking က Formula Tab ရဲ့ အောက်မှာ ရှိပါတယ်၊ သူက ကိုယ့်ရဲ့ Sheet မှာ Formula Error တွေပါနေရင် တစ်ခုချင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဘယ် Cell မှာ Error ပါ တယ်၊ အဲဒီ Error ဘာ ကြောင့် ဖြစ် ရတယ် ဆိုတာတွေ ဖော်ပြထားတဲ့အပြင် အဲဒီ Error ရဲ့ Calculation Step တွေ ပြန် စစ်ချင်ရင်လဲ စစ်လို့ရပါတယ်။
 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၃) Error များကို အခြား တန်ဖိုး တစ်ခု ဖြင့် လျင်မြန်စွာ အစားဖိုးခြင်း။


Error တွေကို တန်ဖိုး တစ်ခုခု (ဥပမာ သုည) နဲ့ အလျင်အမြန် အစားထိုးချင် ရင်တော့ Go to Special လေးကို သုံးပါ။ Home Tab ရဲ့ အောက် မှန်ဘီလူးပုံနဲ့ Find and Select ဆိုတာကို ကလစ် လိုက် ရင် Go to special လေးကို တွေ့မှာပါ။ အဲဒီထဲက Formula ကို ရွေး၊ ပြီးတော့ Formula အောက်မှာ Error ဆိုတာလေးကို ပဲ အမှန် ခြစ်ခြစ် ပေးလိုက်၊ ပြီးရင် အိုကေ ဆို တာနဲ့ Error တွေအကုန် လုံး Select မှတ် ပြီးသား ရမှာပါ။ အဲဒီအချိန်မှာ ကိုယ်ထည့်ချင်တဲ့တန်ဖိုးကို Error ရှိတဲ့ Cell တစ်ကွက်မှာ ရိုက် လိုက် ၊ ပြီးရင် Ctrl , နဲ့ Enter တွဲ ခေါက်လိုက်တာနဲ့ အားလုံး အစားဖိုး ပြီးသား ရပါပြီ။