

To Save Your Time & Energy


FIND and SEARCH
Cell တစ်ခုထဲမှာ ကိုယ်ရှာချင်တဲ့ စာသား ပါမပါ ရှာတဲ့ နေရာမှာ FIND နဲ့ SEARCH ကို သုံးပါတယ်။ သူတို့ နှစ်ခု က သဘောတရားချင်း အတူတူပါပဲ။ ဘာကွာလဲ ဆိုတော့ FIND က Case Sensitive ဖြစ်တယ်၊ စာလုံး အကြီးဆို အကြီးနဲ့ တူတာပဲ ရှာတယ်။ SEARCH က တော့ Case Senstitive မဖြစ်ဘူး။ အကြီးနဲ့ ရှာခိုင်းလဲ အကြီးကော အသေးကော ရှာပေးတယ်။
သူတို့ရဲ့ Formula တွေကတော့
=FIND (find_text , within_text, [start_num ])
=SEARCH (Search_text , within_text, [start_num ])
find_text နဲ့ Search_text နေရာမှာ ကိုယ်ရှာ ချင်တဲ့ စာသားကို မျက်တောင် အဖွင့်အပိတ်နဲ့ ရေးရမှာပါ။
within_text ကတော့ ကိုယ် ရှာမယ့် Cell name ပေါ့။
start_num က တော့ လိုအပ်ရင် ထည့်ပေါ့၊ မထည့်လဲ ရပါတယ်၊ စာလုံးရေး ဘယ်နှစ်လုံးမြောက်က စ ရှာချင်လဲ သတ်မှတ်ပေးတာပါ။
အခု ပထမဆုံး FIND နဲ့ ရှာထား တဲ့ ဥပမာလေး ကြည့်ကြည့်ရအောင်
Formulas


Results

Result ရဲ့ ပထမဆုံး Row (Aung Aung) မှာ 12 ၊ အောက်ဆုံး Row (Kyaw Myint) မှာ 1 ကို တွေ့ရမှာပါ၊ အဲဒီ ဂဏန်းလေးတွေက ကိုယ်ရှာတဲ့ ဂဏန်း ဘယ်နှစ်လုံးမြောက်မှာပါလဲ ဆိုတာ ကို ဖော်ပြပေးတာပါ။ ဒုတိယ Row (Khin Zaw) မှာ Error ပြပါတယ်။ သူရဲ့ Skills ထဲမှာ Typing ဆိုတဲ့ စကားလုံး မပါလို့ပါ။ တတိယ Row (Tun Aung) မှာလဲ Error ပြပါတယ်။ Typing ဆိုတာပါပေမယ့် t ကို အသေးနဲ့ typing အဖြစ် ရေးထားလို့ပါ။
အခု SEARCH နဲ့ ရှာထားတဲ့ ဥပမာလေး ဆက်ကြည့်ရအောင်ပါ။

Formulas

Results
ဒီတစ်ခါတော့ တတိယ Row (Tun Aung) မှာ Error မတွေ့ရတော့ပါဘူး။ SEARCH က Case Sensitive မဖြစ်လို့ပါ။ Typing ကိုရှာခိုင်းတဲ့ အခါ typing လို့ တွေ့ရင်လဲ သူ့အနေနဲ့ ရှာပေးနိုင်တာ ဖြစ်ပါတယ်။ ကိုယ်ရဲ့ လိုအပ်ချက် အပေါ် မူတည်ပြီး FIND နဲ့ SEARCH ကို ရွေးချယ် အသုံးပြု ရုံပါပဲ။