

To Save Your Time & Energy


Getting Started with Formula
၁။ Formula တစ်ခုကို = နဲ့ စတင်ရေးသားရပါတယ်။
၂။ Calculation Operator များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
+ ပေါင်းခြင်း
- နှူတ်ခြင်း
* မြှောက်ခြင်း
/ စားခြင်း
% ရာခိုင်နှူန်း
^ ထပ်ကိန်း
၃။ Comparison Operator များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်
= ညီမျှသော
> ကြီးသော
< ငယ်သော
>= ညီမျှသော (သို့မဟုတ်) ပိုကြီးသော
<= ညီမျှသော (သို့မဟုတ်) ပိုငယ်သော
<> မညီမျှသော
၎။ Formula ရေးသားရာတွင် စာသား Text များကို ရေးသားလိုပါက မျက်တောင် အဖွင့်အပိတ်ဖြင့် ရေးသားရပါတယ်။ Cell အမည် (A1, B1, C2, D2., etc...)၊ ကိန်းဂဏန်း တို့ ရေးသားရာတွင် မျက်တောင် အဖွင့်အပိတ် မလိုပါ။
ဥပမာ
=IF(B2=65,"Right", "Wrong")
B2 Cell အမည်
65 ကိန်းဂဏန်း
Right / Wrong စာသား ၊ Text
၅။ Formula ရလာဒ်တွင် ဘာမှ မပေါ်စေချင်ပါက မျက်တောင် အဖွင့်အပိတ်တွင် ဘာမှမထည့်ပဲ "" ရေးရပါတယ်။
ဥပမာ
=IF(B2=65,"Right", "")
B2 က ၆၅ နဲ့ ညီရင် Right လို့ ပေါ်မှာ ဖြစ်ပြီး မညီရင် ဘာမှ မပေါ်တော့ပါဘူး။