Logical Functions

 IF

 

Excel Formula တွေ လေ့လာကြပြီ ဆိုရင် IF က မပါမဖြစ်ပါပဲ။ အခြေခံကျသလောက် အသုံးလဲ ၀င်လှပါတယ်။

သူရဲ့ Formula က 



=IF(logical_test, [value_if_true], [value_if_false])



     ဥပမာအနေနဲ့ ကျောင်းသားတွေရဲ့ ရမှတ် အပေါ် မူတည်ပြီး စာမေးပွဲအောင် လားကျလား၊ အဲဒါလေး ခွဲထုတ်မယ်ပေါ့။

     အဲဒီတော့ ကျနော့်ရဲ့ Logical test က "ရမှတ် ၅၀ ၊ ဒါမှမဟုတ် ၅၀ ထက် များခဲ့လျှင်" 

     Value if true >>>> အဲလိုများခဲ့ရင် ဘာဖြစ်စေချင်လဲ ပေါ့၊ ကျနော်က "Pass" လို့ပေါ်စေချင်တယ်၊ 

     Value if false >>>>> အကယ်ရွေ့ အဲလို မဖြစ်ခဲ့ဘူးဆိုရင် "Fail"လို့ ပေါ်စေချင်တယ်။


 

အဲဒါကြောင့်  Formula ကို    =IF(A2>=50,"Pass","Fail")   လို့ ရေးလိုက်ပါတယ်

Enter ခေါက်လိုက်ပြီး Autofill နဲ့ အောက်ကို ဆက်ဆွဲလိုက်ရင် ကျောင်းသားတွေ အားလုံးရဲ့ အောင်စာရင်း ခွဲထုတ်ပြီးသွားပြီပေါ့။