

To Save Your Time & Energy



IF & AND
Formula က IF & OR နဲ့ ဆင်တူပါတယ်။ AND နဲ့ OR ပဲ အစားထိုးသွားတာပါ။
=IF(AND(first condition, second condition,....,etc,),"value if ture","value if false")
IF & OR က First Condition သို့မဟုတ် Second Condition နဲ့ တစ်ခုခု ကိုက်ရင် value if true
IF & AND ကတော့ First Condition ကော Secondition ကော နှစ်ခု လုံးကိုက်မှ value if ture
အောက်ကဥပမာ မှာ လုပ်သက် ရှစ်နှစ် နဲ့ အထက် ရှိတဲ့ Marketing သမားတွေကို IF & AND အသုံးပြု ပြီးရွေးချယ်ကြည့် ရအောင်။
လုပ်သက်ရှစ်နှစ်နဲ့ အထက်က Condition တစ်ခု
Marketing သမား က Condition တစ်ခုပေါ့။
အဲဒီတော့ Formula က အောက်ပါအတိုင်း ဖြစ်သွားပါတယ်။
=IF(AND(B2="Marketing",D2>=8),"Select","")

တစ်ခုချင်း ပြန်ရှင်းရအောင်။
ပထမဆုံး IF နဲ့ AND ကို ရေးလိုက်ပါတယ်။
AND ရဲ့နောက် ကွင်းထဲမှာ B2="Marketing",D2>=8 လို့ရေးထားတာက
B2 က Marketing ဖြစ်ပြီး D2 (လုပ်သက်) ကိန်းဂဏန်းက ၈ နဲ့ညီမယ် ၊ ၈ ထက်ကြီးမယ်ဆိုရင် ပေါ့။
အဲဒီနှစ်ချက်လုံးနဲ့ ညီခဲ့ရင် (Value if true ) က "Select"
အဲဒီနှစ်ချက်လုံးနဲ့ မကိုက်ဘူးဆိုရင် (Value if false ) ဆိုရင် ""
မျက်တောင် အဖွင့်အပိတ်ထဲမှာ ဘာမှ မရေးထားတာကတော့ ဘာကိုမှ မဖော်ပြစေချင်လို့ပါ။
Enter ခေါက် ပြီး Autofill နဲ့ ဆွဲလိုက်ရင်တော့ အောက်ကပုံအတိုင်း လုပ်သက်ရှစ်နှစ်နဲ့ အထက် Marketing သမားတွေကို ရွေးချယ်ပေးသွားမှာပါ။

ဥပမာပေးရတာ ရှင်းအောင်လို့ Condition နှစ်ခုနဲ့တင် ရှင်းပြတာပါ။ တကယ်က ကိုယ်လိုအပ်သလို Condition တွေ နှစ်ခုထက်ပို ထည့်လို့ရပါတယ်။