IF & OR 

 


IF တစ်ခုတည်းဆိုရင် Criteria တစ်ခုတည်း ကြည့်လို့ရတာပေါ့၊ OR နဲ့ တွဲ အသုံးပြုမယ် ဆိုရင် ပိုကျယ်သွားပြီ။ Criteria တွေ အများကြီးနဲ့ ရောပြီး အသုံးပြုလို့ရသွားတယ်။

ဥပမာဓါတ်ပုံထဲမှာ Company တစ်ခုရဲ့ အမည်၊ ရာထူး၊ လုပ်သက်တွေ ထည့်ထားပါတယ်။
IF နဲ့ OR ကို တွဲသုံးပြီး  သူတို့ရဲ့ ရာထူးအလိုက် Group ခွဲကြည့်ရအောင်။

Sale နဲ့ Marketing သမားတွေကို Group A မှာ ထည့် ပြီး ကျန်တဲ့လူတွေအကုန်လုံး Group B မှာ ထည့်မယ်ပေါ့။

IF နဲ့ OR တွဲ သုံးတဲ့ Formula က

=IF(OR(first condition, second condition,....,etc,),"value if ture","value if false") 

အဲဒီတော့ ကျနော့် Formula က အောက်ပါအတိုင်း ဖြစ်သွားပါတယ်

=IF(OR(B2="Sale",B2="Marketing"),"A","B") 


 

တစ်ခုချင်း ရှင်းပါမယ်

ပထမဆုံး IF နဲ့ OR ကို ရေးလိုက်ပါတယ်။ 

OR ရဲ့နောက် ကွင်းထဲမှာ B2="Sale",B2="Marketing" လို့ရေးထားတာက တကယ်လို့ B2 က Sale သို့မဟုတ် B2 က Marketing ဖြစ်ခဲ့ရင်ပေါ့

 

တကယ်လို့ Sale နဲ့ Mareting သမားတွေ ဖြစ်ခဲ့ရင် (Value if true ) က "A"

Sale နဲ့ Marketing သမားမဟုတ်ဘူး၊ (Value if false ) ဆိုရင် "B" ပေါ့။

 Enter ခေါက် ပြီး Autofill နဲ့ ဆွဲလိုက်ရင်တော့ အောက်ကပုံအတိုင်း အုပ်စု ခွဲပြီးသားရပါပြီ။

အခု ဥပမာမှာ Condition နှစ်ခု (Sale နဲ့ Marketing) ကိုပဲ ကြည့်ခိုင်းပေမယ့် နှစ်ခုထက်ပိုပြီးလည်း လိုအပ်သလောက် ထည့်လို့ ရပါတယ်။

ဥပမာ


=IF(OR(B2="Sale",B2="Marketing",D2>=8),"A","B")

ဒါဆိုရင်တော့ Sale (သို့မဟုတ်) Marketing (သို့မဟုတ်) လုပ်သက် ၈ နှစ် နှုင် အထက် တွေကို Group A ထဲ ထည့်ပေးသွားမှာပါ။

 

Logical Functions