

To Save Your Time & Energy



IFERROR
Excel မှာ Error တွေ တွေ့ပြီဆိုရင် ကိုယ်တွက်ချက်ချင်တာကို ရှေ့ဆက်လို့ မရတော့ပါဘူး။
တစ်ခါတစ်ရံ Error ဖြစ်နေပြီဆိုရင် ပြန် စစ်ဖို့ လိုအပ်ပေမယ့် တစ်ခါတစ်ရံ Error ဖြစ်နေရင် Ignore လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
(တကယ်လို့ Error ဖြစ်ပြီဆိုရင် Error လို့ ပေါ်မယ့်အစား Cell ကို Blank အတိုင်းထားတာက ပိုပြီး အလုပ်ဖြစ်စေတာမျိုးပေါ့။)
အဲလို ကြုံခဲ့ရင်တော့ IFERROR ကို အသုံးပြု ဖြေရှင်းနိုင်ပါတယ်။
Formula က
=IFERROR(Value, Value_if_Error)
Value if Error နေရာမှာ Error ပေါ်ခဲ့ရင် ကိုယ်ပေါ်စေချင်တဲ့ တန်ဖိုး၊ စာသားကို ထည့်သွင်းပေးရမှာပါ။
ဓါတ်ပုံထဲက ဥပမာမှာ Error ပေါ်ခဲ့ရင် Cell ကို Blank ပဲပေါ်ဖို့ ရေးထားပါတယ်။
ရေးထားတဲ့ Formula တွေထဲက တစ်ခုက
=IFERROR(A2/B2,"")
ဆိုလိုတာက A2 ကို B2 နဲ့ စားလိုက်လို့ Error တက်ခဲ့ရင် Error အစား Blank ထားခဲ့ပါလို့ ရေးထားတာပါ။ (ဘာမှ မပေါ်စေချင်လို့ မျက်တောင် အဖွင့်အပိတ်ကြားမှာ ဘာမှ မထည့်ပဲ ရေးထားတာပါ၊ ပုံလေးကို ကြည့်လိုက်ရင် ပိုရှင်းသွားပါလိမ့်မယ်)
တကယ်လို့ Error တက်ခဲ့ရင် No လို့ ပေါ်စေချင်တယ် ဆိုပါစို့။
အဲဒါဆို Formula က =IFERROR(A2/B2,"No") ပေါ့။
