

To Save Your Time & Energy



INDEX Function
Index Function က Excel မှာ အရမ်း အသုံးဝင်ပါတယ်။ သူတစ်ခုတည်းဆို အသုံးဝင်တယ် မထင် ရပေမယ့် Match Function နဲ့ တွဲသုံးလိုက်တဲ့ အခါ အရမ်း အသုံးဝင်တဲ့ Function ဖြစ်လာပါတယ်။
INDEX Function က Array Format နဲ့ Range Format ဆိုပြီး နှစ်မျိုးရှိပါတယ်။
Array Format of the Excel INDEX Function
Array Format ကို Cell Range တစ်ခုတည်း မှာ Index Function အသုံးပြု ချင်တဲ့အခါ သုံးပါတယ်။
သူရဲ့ Formula က
=INDEx( array, row_num, col_num )
-
array က ကိုယ် ရှာမယ့် Cell Range
-
row_num က ကိုယ်ရှာဖွေမယ့် Cell Range ထဲက ကိုယ်လိုချင်တဲ့ Row
-
col_num က ကိုယ်ရှာဖွေမယ့် Cell Range ထဲက ကိုယ်လိုချင်တဲ့ Column
တကယ်လို့ row_num နဲ့ Col_num ကို 0 ပဲ ထားရင် Row အားလုံး (သို့မဟုတ်) Column အားလုံးကို ရွေးပေးသွားမှာပါ။
အောက်က ဥပမာ တွေကို ကြည့် လိုက်ရင် ရှင်းသွားမှာပါ။
ဥပမာ (၁)


အပေါ်က ရေးထားတဲ့ ဥပမာ မှာ ရေးထားတဲ့ Formula က
=INDEX(D1:D9,5)
-
-
D1:D9 က ကိုယ် ကြည့်ချင်တဲ့ Cell Range
-
5 က တော့ ကိုယ် လိုချင်တဲ့ Row
အပေါ်ဆုံး ကိန်း 9 က နေ ရေတွက်လိုက် ရင် 5 ခု မြောက် Row မှာ ရှိတာက 4 ဖြစ်တဲ့အတွက် ရလာဒ်က 4 အဖြစ် တွေ့ရပါလိမ့်မယ်။
ဥပမာ (၂)


ဥပမာ (၂) မှာ ရေးထားတဲ့ Formula က
=INDEX(D1:E9,7,2)
-
D1:E9 က ကိုယ် ကြည့်ချင်တဲ့ Celll Range
-
7 က အပေါ်ဆုံး Row က နေ စရေရင် 7 ခု မြောက် Row
-
2 က ဘယ်ဘက် Column ကနေ စရေရင် ဒုတိယ မြောက် Column
အဲဒီ နှစ်ခု ဆုံတဲ့ နေရာမှာ ကိန်းဂဏန်း 5 ရှိတဲ့အတွက် အဖြေမှာ 5 အဖြစ် တွေ့ရမှာပါ။
ဥပမာ (၃)


ဥပမာ (၃) မှာ Index formula နဲ့ Sum နဲ့ကို တွဲ ပြီး အသုံးပြုထားပါတယ်။
ရေးထားတဲ့ Formula က
=SUM(INDEX(D1:E9,6,0))
D1:E9 က ကိုယ်ရှာဖွေမယ့် Cell Range
6 က အ ပေါ်ဆုံး Row ကနေ စ ရေရင် ၆ ခု မြောက် Row
0 ကိုရေးထားတဲ့အတွက် Column အားလုံး ကို ထည့်ရေတွက်မယ်။
အဲဒီတော့ Formula ထဲမှာ Sum ကို အသုံးပြုထားတဲ့အတွက် ၆ ခု မြောက် Row က Column နှစ်ခု ကို ပေါင်းပေးတဲ့အတွက် ရလာဒ်က ၁၆ ဆိုတာ တွေ့ရမှာပါ။
ဥပမာ (၃)
Range Format of the Excel INDEX Function
Cell Range တွေ အများကြီးထဲမှာ ကိုယ်လိုချင်တဲ့ Range ထဲက ကိုယ်လိုချင်တဲ့ ဒေတာကို ရွေးထုတ် ဖို့ Range Format ကို အသုံးပြုလို့ရပါတယ်။
သူ့ရဲ့ Formula Syntax က
=INDEX( range, row_num, col_num, area_num )
array က ကိုယ် ရှာမယ့် Cell Range
row_num က ကိုယ်ရှာဖွေမယ့် Cell Range ထဲက ကိုယ်လိုချင်တဲ့ Row
col_num က ကိုယ်ရှာဖွေမယ့် Cell Range ထဲက ကိုယ်လိုချင်တဲ့ Column
area_mun က Cell Range တွေ အများကြီးထဲက ကိုယ်ရှာ ချင်တဲ့ Cell range
အောက်က ဥပမာ ကြည့်လိုက်ရင် ပိုရှင်းသွားမှာပါ။

အပေါ်က ဥပမာမှာ ရေးထားတဲ့ Formula က
=INDEX(E1:F6,G9:H11,E13:F16),5,2,1)
-
E1:F6 က Cell Range 1
-
G9:H11 က Cell Range 2
-
E13:F16 က Cell Range 3
-
5 က အ ပေါ်ဆုံး Row ကနေ ရေ တွက်ရင် ၅ ခု မြောက် Row
-
2 က ဘယ်ဘက် အစွန်က နေ စ ရေရင် ဒုတိယ Column
-
1 ကတော့ Cell range သုံးခုထဲက ပထမဆုံး Range
အ ပေါ်က ရှင်းပြခဲ့တဲ့အတိုင်း Formula ရေးပြီး Enter ခေါက်လိုက်တာနဲ့ အောက် က အတိုင်း အဖြေ ရပါပြီ။
