INDIRECT

 

Formula ထဲမှာ B1 လို့ရေးရင် B1 ဆိုတဲ့ Cell ကို ရည်ညွှန်းမှန်း Excel က သိပါတယ်။ ဒါပေမယ့် Formula မှာ မဟုတ်ပဲ Cell ထဲမှာ text အနေနဲ့ ရေးထားရင်တော့ Excel က Reference  အနေနဲ့ မသိတော့ပါဘူး။ အဲဒီ text ကို Reference အနေနဲ့ သိဖို့ဆိုရင် Indirect function ကို အသုံးပြုနိုင်ပါတယ်။

 

Indirect function ရဲ့ Syntax က

 

=INDIRECT(ref_text,a1)

 

  • ref_text က ကိုယ် Reference လုပ်ချင်တဲ့ text (သို့မဟုတ်) text ရှိတဲ့ Cell name

  • a1 က Logical value ၊ ( True သို့မဟတု False) ၊ Formula ထဲမှာ ဘာ မှ ရေးမထားရင် True အဖြစ် Excel က မှတ်ယူပါတယ်။

 

TRUE ဆိုရင် A1-style Reference

FALSE ဆိုရင် R1C1-style Reference ပေါ့

 

A1 Style Reference က အသုံးများပါတယ်။ A1 Style Reference က TRUE ၊ TRUE ကို ထည့်မရေးလဲ ရတယ်၊ ဒါကြောင့် Formula ထဲမှာ များသောအားဖြင့် a1 အတွက် ရေးထားတာကို မတွေ့ရတာ များပါတယ်။

 

ဥပမာ (၁)

Formula ပုံလေးကို သေချာလေ့လာကြည့်ပါ။

 

Hello ဆိုတဲ့စာသားက C9 မှာရှိပါတယ်။

MEET ဆိုတဲ့စာသားက E6 မှာ ရှိပါတယ်။

 

E6 ဆိုတဲ့စာသားက C4 မှာရှိပါတယ်။

C9 ဆိုတဲ့စာသားက  D2 မှာ ရှိပါတယ်။

 

 

ပထမ Formula က

=INDIRECT(C4)

 

C4 ထဲမှာရှိတဲ့ စာသား Text က E6

E6 ထဲမှာ ရှိတဲ့ တန်ဖိုးက MEET

ဒါကြောင့် ပထမ အဖြေကို MEET အဖြစ် တွေ့ရမှာပါ။

 

အဲလိုပါပဲ။ ဒုတိယ Formula က

=INDIRECT(D2)

 

D2 ထဲမှာ ရှိတာက၊ C9

C9 ထဲမှာရှိတာက Hello

ဒါကြောင့် ဒုတိယ Formula ရဲ့ အဖြေက Hello အဖြစ် တွေ့ရမှာပါ။

 

Indirect Function ကို Sheet တစ်ခုထဲမှာတင်မဟုတ်ဘူး၊ နောက် Sheet တစ်ခုထဲမှာပါတဲ့ တန်ဖိုးတွေနဲ့လဲ ချိတ်ဆက် အသုံးပြုလို့ရ ပါတယ်။ အောက်က ဥပမာကြည့်လိုက်ရင် ပို ရှင်းသွားမှာပါ။

 

ဥပမာ (၂)

 

အပေါ်က ပုံနှစ်ပုံထဲမှာ Sheet 1 နဲ့ Sheet 2 နှစ်ခုကို ယှဉ်ပြထားပါတယ်။ Sheet 2 မှာ ရှိနေတဲ့ အချက်အလက်တွေကို Sheet 1 မှာ Indirect နဲ့ ချိတ်ဆက် အသုံးပြုဖို့ အောက်မှာ ဆက်လေ့လာကြည့်ရအောင်။

အပေါ်က Formula ပုံထဲမှာ ရေးထားတာက

 

=INDIRECT(A3&"!"A4)

 

  • A3 မှာရှိတဲ့ Text က Sheet2

  • A4 မှာရှိတဲ့ Text က A1

  • & က A3 နဲ့ A4 ကို ချိတ်ပြီး အတူ ဖော်ပြပေးဖို့

  • ! က Sheet နာမည်ရဲ့ နောက်မှာအမြဲထည့်ဖို့ လိုအပ်တဲ့အတွက် မျက်တောင် အဖွင့်အပိတ်နဲ့ ရေးထားတာပါ။ (မတူညီတဲ့ Sheet တွေ ချိတ်ဆက်ပြီး Formula ရေးတဲ့အခါ Sheet နာမည်ရဲ့ နောက်မှာ Exclamation Mark ! အမြဲ ထည့်ရေးရပါတယ်။

 

Formula ရေးပြီး Enter ခေါက်လိုက် တဲ့အခါ Sheet2 ရဲ့ A1 မှာ ရှိတဲ့ တန်ဖိုးဟာ

Sheet1 က Formula ရေးတဲ့ Cell ကို ရောက်လာပါတယ်။

 

ဒါကြောင့် Result ရဲ့အဖြေမှာ Myanmar Excel Expert Team ဆိုတဲ့ အဖြေကို တွေ့ရမှာပါ။