

To Save Your Time & Energy


LEFT , RIGHT , MID
Cell တစ်ခုထဲမှာ ရှိတဲ့ စာသား Text တွေ အများကြီးထဲက ကိုယ်လို ချင်တဲ့ အပိုင်းလေးကိုပဲ ရွေးချယ် ဆွဲထုတ်ဖို့ အတွက် LEFT, RIGHT နဲ့ MID ဆိုတဲ့ Function တွေကို အသုံး ပြု လို့ရပါတယ်။
သူတို့ရဲ့ Formula တွေကတော့
=LEFT (text, [num_chars])
=RIGHT (text, [num_chars])
=MID (text, start_num , num_chars ) တို့ ဖြစ်ပါတယ်။
text ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ Cell အမည်ကို အစားထိုးရမှာပါ။
num_chars နေရာမှာတော့ ဘယ်နှစ်လုံး မြောက်ထိ ကိုယ်က ရွေးချယ်မလဲ ဆိုတဲ့ အရေအတွက် သတ်မှတ်ပေးရမှာပါ။
MID မှာပါတဲ့ start_num က တော့ ဘယ်နှစ်လုံး မြောက်ကနေ စရေတွက်မယ်ဆိုတာကို သတ်မှတ်ပေးတာပေါ့။ LEFT နဲ့ RIGHT မှာ ဘယ်စွန်၊ ညာစွန်တွေကနေ စရေတွက်တာ ဖြစ်လို့ start_num မလိုတာပါ။
အောက်ကပုံလေးတွေ ကြည့်လိုက်ရင် ပို ရှင်းသွားမှာပါ။
Formulas
Results


ဘယ်စွန်ကနေ စပြီး ၂ လုံး
ရွေးချယ်တာပါ။
ဘယ်စွန်ကနေ စပြီး ၆ လုံး
ရွေးချယ်တာပါ။

ညာစွန်ကနေ စပြီး ၃ လုံး
ရွေးချယ်တာပါ။
ညာစွန်ကနေ စပြီး ၈ လုံး
ရွေးချယ်တာပါ။

အလယ် ၈ လုံး မြောက်ကနေ စပြီး နောက်ထပ် ၄ လုံး ရွေးချယ်တာပါ။
အလယ် ၈ လုံး မြောက်ကနေ စပြီး နောက်ထပ် ၁၂ လုံး ရွေးချယ်တာပါ။