

To Save Your Time & Energy



LOOKUP
Lookup function က Vector Form နဲ့ Arrray Form ဆိုပြီး နှစ်မျိုးရှိပါတယ်။ VLOOKUP က ဘယ်ကနေ ညာဘက်ကိုပဲ ရှာဖွေလို့ရပေမယ့် LOOKUP က တော့ ဘယ်ကနေညာ၊ ညာကနေ ဘယ် လိုအပ်သလို အသုံးပြုလို့ရပါတယ်။
ဒီသင်ခန်းစာကို လိုက် လေ့ကျင့်ဖို့ Tutorial ဖိုင်ကို အောက်မှာ ဒေါင်းပါ။
Vector Form of the Excel LOOKUP Function
Vector Form ဆိုတာ Dimension list တစ်ခု ထဲကို ကြည့်ပေးတာကို ဆို လို ချင်တာပါ။
သူရဲ့ Formula Syntax က
=LOOKUP( lookup_value, lookup_vector, [result_vector] )
-
lookup_vlaue က ကိုယ်ရှာဖွေချင်တဲ့ တန်ဖိုး
-
lookup_vector က ကိုယ်ရှာဖွေမယ့် တန်ဖိုး lookup value ရှိနေတဲ့ Cell Range
-
result_vector က ကိုယ် result လိုချင်တဲ့ ဒေတာ ရှိနေတဲ့ Cell Range
အောက်က ဥပမာထဲမှာ CODE ထည့်လိုက်တာနဲ့ ITEM တန်ဖိုး ဖော်ပြပေးဖို့အတွက် LOOKUP ကို အသုံး ပြုထားတာပါ။

ရေးထားတဲ့ Formula က
=LOOKUP(F15,C2:C12,A2:A12)
-
F15 က ကိုယ်ရှာချင်တဲ့ တန်ဖိုး ရှိနေတဲ့ Cell name ပေါ့၊
-
C2:C12 က lookup_vector, ကိုယ်ရှာချင်တဲ့ တန်ဖိုး က LD12 ၊ အဲဒီ LD12 ရှိတဲ့ Cell Range က C2:C12
-
A2:A12 က result_vector , ကိုယ် ရချင်တဲ့ ရလဒ် ITEM တန်ဖိုးတွေရှိတဲ့ Cell Range
Formula ရေးပြီး Enter ခေါက်လိုက်တာနဲ့ အောက်က အတိုင်း အဖြေ ရပါပြီ။

LOOKUP ကို တစ်ခုက Vertical ၊ တစ်ခုက Horizontal ဆိုရင်လဲ အသုံးပြုလို့ရပါတယ်။ အောက်က ဥပမာကို ကြည့်လိုက် တာနဲ့ ရှင်းသွားမှာပါ။
Formula

Result

Array Form of the Excel LOOKUP Function
Array Form ကိုတော့ 2 Dimensional table တွေမှာ တန်ဖိုး ရှာဖွေချင်တဲ့အခါ သုံးပါတယ်။
သူရဲ့ Formula Syntax က
=LOOKUP( lookup_value, array )
Lookup_value က ကိုယ်ရှာဖွေချင်တဲ့ တန်ဖိုး
array က တော့ ကိုယ် ရှာ ဖွေချင်တဲ့ ဒေတာတွေရှိတဲ့ 2 Dimensioanl array (or table) ပေါ့။
အောက်က ဥပမာ မှာ Cell Range နှစ်ခု ရှိတယ်၊ ပထမ Cell Range က ကျောင်းသားတွေရဲ့ အမည် ၊ ရမှတ် နဲ့ အဲဒီ ရမှတ်အလိုက် Remark တွေ ပေးချင်တယ်၊ နောက် Cell Range မှာ ရမှတ် အလိုက် ခွဲထားတဲ့ Remark တန်ဖိုးတွေ ပေးထားတယ်။
အခု အောက်မှာ Formula တွေ ရေး ပြထားပါတယ်။
ပထမဆုံး ရေးထားတဲ့ အေးမြတ် ရဲ့ Row မှာ ရေးထားတာကို လေ့လာ ကြည့် ရအောင်။
ရေးထားတဲ့ Formula က
=LOOKUP(B2,F2:G6)
-
B2 က ကိုယ့်ရဲ့ lookup value
-
F2:G6 က ကိုယ် အဖြေ လိုချင်တာ ရှိတဲ့ Cell Range
Formula ရေး Enter ခေါက်လိုက် တာနဲ့ အောက်က အတိုင်း အဖြေရပါတယ်။
ဒီနေရာမှာ တစ်ခု သတိထားရမှာက ကိုယ်ရှာဖွေတဲ့ တန်ဖိုးက ကွက်တိ ဖြစ် မနေဘူးဆိုရင် သူနဲနီးစပ်တဲ့ နိမ့်တဲ့ တန်ဖိုး ကို ရွေးချယ်ပေးသွားမှာပါ။
ဒီဥပမာမှာ 87 ကို ရှာခိုင်းတယ်၊ 87 က Reference Cell Range မှာ ပါ မ နေဘူး။ အဲဒီတော့ သူနဲ့ နီးစပ်တဲ့ အနိမ့်တန်ဖိုး က 85 ၊ ဒါ ကြောင့် A ကို အဖြေ ဖြစ် ဖော်ပြ ပေးသွားမှာပါ။
LOOKUP Function ရဲ့ အားသာ ချက်က ဘယ်ကနေညာ၊ ညာကနေ ဘယ် ၊ Horizontal နဲ့ Vertical ရောနေလဲ ရှာဖွေ ပေးနိုင်တယ်၊ အား နည်းချက်ကတော့ Dimension နှစ်ခုပဲ ရှာဖွေလို့ရတာပါ။ VLOOKUP ၊ HLOOKUP ရဲ့ အားသာချာက်ကတော့ ဘယ်လောက် Cell range ကျယ်ကျယ်၊ ကြီးကြီး ရှာ ဖွေ လို့ ရတာပါပဲ။

