Lookup function က Vector Form နဲ့ Arrray Form ဆိုပြီး  နှစ်မျိုးရှိပါတယ်။ Data Dimension နှစ်ခုထဲက ကိုယ်လိုချင်တဲ့ တန်ဖိုးကို အလွယ်တကူ ဆွဲထုတ်ချင်တဲ့အခါ အရမ်းအသုံးဝင်ပါတယ်။

Data တွေအများကြီးထဲက ကိုယ်လိုချင်တဲ့တန်ဖိုးကို ဆွဲထုတ်ချင်တဲ့အခါ အသုံးပြုပါနိုင်ပါတယ်။ VLOOKUP နဲ့ HLOOKUP က သဘောတရားချင်းအတူတူပါပဲ။ VLOOKUP က Vertical ရှာဖွေလိုတဲ့အခါ သုံးပြီး HLOOKUP ကိုတော့ Horizontal ရှာဖွေချင်တဲ့အခါ သုံးပါတယ်။ 

Formula ထဲမှာ B1 လို့ရေးရင် B1 ဆိုတဲ့ Cell ကို ရည်ညွှန်းမှန်း Excel က သိပါတယ်။ ဒါပေမယ့် Formula မှာ မဟုတ်ပဲ Cell ထဲမှာ text အနေနဲ့ ရေးထားရင်တော့ Excel က Reference  အနေနဲ့ မသိတော့ပါဘူး။ အဲဒီ text ကို Reference အနေနဲ့ သိဖို့ဆိုရင် Indirect function ကို အသုံးပြုနိုင်ပါတယ်။

Data Array ထဲကနေ ကိုယ်လိုချင်တဲ့ Data ကို နံပါတ်နဲ့ ရွေးထုတ်လိုတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။

ကိုယ်ရှာတဲ့ တန်ဖိုးဟာ ကိုယ်ရှာဖွေတဲ့ List ထဲမှာ ဘယ်နေရာမှာပါလဲ ဆိုတာကို ရှာဖွေချင်တဲ့အခါ အသုံးပြုပါတယ်။ Index နဲ့ တွဲပြီး အသုံးပြုရင် အရမ်း ကောင်းတဲ့ Formula တွေ ရနိုင်ပါတယ်။

Cell Range တစ်ခုမှာပါတဲ့ Row, Column အမှတ်တွေကို ဖော်ပြချင်တဲ့အခါ၊ Formula တစ်ခုထဲမှာပါတဲ့ Cell Range အရေအတွက်ကို ဖော်ပြ ချင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။

INDEX Function က Array Format နဲ့ Range Format ဆိုပြီး နှစ်မျိုးရှိပါတယ်။ သူတစ်ခုတည်းဆို အရမ်း  အသုံးဝင်တယ် မထင် ရပေမယ့် Match Function နဲ့ တွဲသုံးလိုက်တဲ့အခါ အရမ်း အသုံးဝင်တဲ့ Function ဖြစ်လာပါတယ်။

Excel မှာ Website တစ်ခုခုနဲ့ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ကွန်ပျူ တာထဲက ဖိုင်တစ်ခုခုနဲ့ ဖြစ်ဖြစ်၊ Excel Sheet တစ်ခုနဲ့ပဲဖြစ်ဖြစ် လင့်ခ် ချိတ်ထား ချင်တယ် ဆိုရင် Hyperlink ကို အသုံးပြုလို့ရပါတယ်။

LOOKUP and REFERENCE