Services 3. Click to edit me

 

I'm a paragraph. Click here to add your own text and edit me. It’s easy. Just click “Edit Text” or double click me to add your own content and make changes to the font. Feel free to drag and drop me anywhere you like on your page. I’m a great place for you to tell a story and let your users know a little more about you.

This is a great space to write long text about your company and your services. You can use this space to go into a little more detail about your company. Talk about your team and what services you provide. Tell your visitors the story of how you came up with the idea for your business and what makes you different from your competitors. Make your company stand out and show your visitors who you are. Tip: Add your own image by double clicking the image and clicking Change Image.

Pivot Table

 

 

Data တွေ အများကြီးကို အလွယ်တကူ သက်သောင့်သက်သာ Summarize လုပ် အနှစ်ချူ ပ် ပေးဖို့ Pivot Table က ကူညီပေးနိုင်ပါတယ်။ အောက်က ဥပမာမှာဇယားကို Pivot Table အသုံးပြုပြီး Summarize လုပ်ပါမယ်။ ဒီသင်ခန်းစာကို လိုက်ပြီးလေ့ကျင့်ဖို့အတွက် သင်ခန်းစာဖိုင်ကို အောက်မှာ ဒေါင်းပါ။

 

 

၁။ Insert ကနေ တစ်ဆင့် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Pivot Table ကို ကလစ်လိုက်ပါ။

၂။ ကလစ်လိုက်တာနဲ့အောက်က အတိုင်း Box တစ်ခုပေါ်လာပါမယ်။ Box ထဲက Exisitng Workseet ကို ရွေးရင် Sheet ထဲမှာ Pivot Table ထား ချင်တဲ့ နေရာ Cell ကို တစ်ချက် ကလစ်ပြီး OK ပေးလိုက်ပါ။

ဒီသင်ခန်းစာမှာတော့ အောက်ကပုံအတိုင်း New Workseet ကို ရွေးချယ်လိုက်ပါတယ်။ New Workseet ကို ရွေးပြီး OK ပေးလိုက်တာနဲ့

နောက် ထပ် Sheet တစ်ခုအသစ်ကို Auto ထပ်ထည့်ပေးသွားမှာပါ။ ဘယ်နေရာမှ ကလစ်ပေးစရာမလိုပါဘူး။

၃။ OK ပေးလိုက်တာနဲ့ Sheet အသစ်မှာ Pivot Table အတွက် ပေါ်လာပါပြီ။

၎။ အောက်မှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Driver's name၊ Number of items ၊ Amount(Ks_thousdands) တို့ကို အမှန်ခြစ်ပေးလိုက်ပါ။ Text ဖြစ်တဲ့ Driver's name က  Row Labels မှာ ရောက်သွားပြီး၊ ကိန်းဂဏန်းတွေကိုတော့  values အောက်ကို ရောက်သွားတာ တွေ့ရမှာပါ။ ဒါက Pivot က အလိုလို ရွေးချယ်ပေးသွားတာပါ။ ကိုယ်လိုချင်တဲ့ ပုံစံမဟုတ်ရင်လဲ Drag and Drop နဲ့ ပြောင်းထည့်လို့ရပါတယ်။

 

အဲဒီ သုံးခုကို ကလစ်လိုက်တာနဲ့ ဘယ်ဘက်မှာ အနှစ်ချူ ပ် ဇယားလေး ပေါ်လာတာကို တွေ့ရမှာပါ။ Driver တစ်ယောက်စီရဲ့ ပို့ရတဲ့ အရေ အတွက် နဲ့ ရောင်းရတဲ့ ပမာဏ ကို အနှစ်ချူ ပ် ဖော်ပြပေးသွားပါတယ်။

၅။ အခု Dirver တွေပို့ရတဲ့ အနှစ်ချူ ပ်ကို ပို့ရတဲ့ နေရာအလိုက် အလွယ်တကူ ခွဲထုတ်ဖို့ အတွက် Destination ကို Report Filter အောက် Drag and Drop နဲ့ ပို့လိုက်ပါတယ်။ (Destination ကို Mouse နဲ့ ဖိပြီး Report Filter အောက်ကို ဆွဲထည့်လိုက်တာပါ)။ အဲလို ထည့်လိုက်တာနဲ့ Pivot Table ရဲ့ အပေါ်ဆုံးမှာ Destination ဆိုတာ ပေါ်လာပါပြီး၊ အဲဒီက Filter မြှာလေးကို ကလစ်လိုက်ရင် All, Mandalay , Monywa စသဖြင့်  တွေ့ရမှာပါ။ All ကို ကလစ်လိုက်ရင် အကုန် စုစုပေါင်းပေါ့၊ Mandalay ကိုကလစ်လိုက်ရင် Mandalay ကို ပို့ရတဲ့ အရေအတွက်နဲ့ စုစုပေါင်း ပမာဏ ကို အနှစ်ချူ ပ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၆။ အောက်ကပုံမှာ Destination  က Mandalay ကိုရွေးလိုက်တဲ့အတွက် Mandaly ကိုပို့ရတဲ့ အရေအတွက် နဲ့ ရောင်းရတဲ့ ပမာဏကိုပဲ ဖော်ပြ ပေးတာ တွေ့ရမှာပါ။

၇။ Fields တွေထဲမှာ ထည့်ထားတဲ့ ခေါင်းစဉ်တွေကို ပြန် ဖျက်လို့ရတယ်၊ အခြား အကွက်ကို Drag and Drop နဲ့ ရွှေ့လို့ရတယ်။ အကွက်တွေ ထဲမှာ ထည့်ထားတဲ့ နာမည် ခေါင်းစဉ်ကို ကလစ်လိုက်တာနဲ့ အောက်က ပုံအတိုင်း မြင်ရမှာပါ။ ထည့်ထားတဲ့ ခေါင်းစဉ် အမည်ကို ပြန်ဖျက်ချင် ရင် Remove Field ကိုရွေးပေးရုံပါပဲ။ အဲဒါအပြင် အခြား ဘယ် Field ကို ရွှေ့ ချင်လို့ ၊ Order ဘယ်လို စီချင်လဲ စသဖြင့် လိုအပ်တာကို  ရွေးချယ်ဖို့ Option တွေကို တွေ့ရမှာပါ။

၈။ အပေါ်က ပုံမှာ ပါတဲ့ Option တွေထဲက Field Setting ကို ရွေးချယ်လိုက်ရင် ကိုယ့်ရဲ့ ဒေတာတွေ ကို ဘယ်လို အနှစ်ချူပ် ချင်လဲ၊ Sum, Count, Max, Min စသဖြင့် Option တွေကို Summarized by ရဲ့ အောက်မှာ တွေ့ရမှာပါ။ ကိုယ်လိုအပ်သလို ရွေးချယ်ရုံပါပဲ။

၉။ သဘောတရား အခြေခံကို နားလည်သွားပြီးဆိုတော့ အောက်က အနှစ်ချူ ပ် ထားတာလေးကို ကြည့်ရအောင်။ Field ထဲမှာ ထည့်ထားတာတွေ နဲ့ အနှစ်ချူ ပ် Pivot Table မှာ ပေါ်တဲ့ ဒေတာတွေကို နှို င်း ယှဉ်လေ့လာလိုက်ရင် ရှင်းရှင်းလင်းလင်းပိုပြီး နားလည်သွားမှာပါ။

Grouping in Pivot Table

၁။ ကိုယ့်ရဲ့ဒေတာတွေကို အုပ်စုလိုက် ခွဲပြီး  Summarize လုပ်လို့လဲရပါတယ်။ အခု Group ခွဲတဲ့သင်ခန်းစာလုပ်ဖို့အတွက် အပေါ်က အသုံးပြုခဲ့တဲ့  Field တွေထဲက ခေါင်းစဉ်တွေ အကုန် ကို Remove လုပ်လိုက်ပါ။ ( အကွက်ထဲက ခေါင်းစဉ် အမည်ကို Click လိုက်ပြီး Remove Field လုပ်လိုက် ရုံပါပဲ)။ အားလုံး Remove လုပ်ပြီးတာနဲ့ အောက်က ပုံမှာ ပြထားတဲ့အတိုင်း Date ကို Row Label အောက် ထည့်လိုက်ပါ။

၂။ Date list ကို မြင်ရပါပြီ။ အဲဒီ list ထဲက ရက်စွဲ တစ်ခုခု အပေါ်ကို Right Click ထောက်ပြီး Group ကို ကလစ်လိုက်ပါ။

၃။ Group ကို ကလစ်လိုက်တာနဲ့ အောက် Box လေးပေါ်လာပါမယ်။ ဘယ်လို Group ဖွဲ့ချင်လဲ၊ ဒီဥပမာမှာတော့ သုံးရက် ကို အုပ်စုတစ်ခု အဖြစ် Group လိုက်ပါတယ်၊ အဲဒီအတွက် Days ကိုရွေးပြီး Number of Days မှာ 3 ကို ရွေးလိုက်တာပါ၊ တကယ်လို့ ကိုယ် Group ဖွဲ့တာက ကိန်းဂဏန်း တွေ ဆိုရင်လဲ Range သတ်မှတ်ပြီး Group ဖွဲ့လို့ရပါတယ်။

၃။ OK ပေးလိုက်တာနဲ့ သုံးရက် ကို Group တစ်ခုခွဲပြီး Summarize လုပ်ပေးသွားတာကို အောက်ပါ အတိုင်းတွေ့ရမှာပါ။