Password Protecting only to Specific Cell Range

 

Sheet တစ်ခုလုံးကို Protect မလုပ်ချင်ပဲ ကိုယ်လိုအပ်တဲ့ Cell Range လေးကိုပဲ Password ခံပြီး Protect လုပ်ဖို့ လိုအပ်ခဲ့ရင် ဒီနည်းကို အသုံးပြု နိင်ပါတယ်။

 

၁။ ပထမ ဆုံး Sheet တစ်ခုလုံးကို Select မှတ်လိုက်ပါ။ Ctrl  နဲ့ A ကို တွဲနှိပ် ရင် ပထမ တစ်ကြိမ် ဒေတာရှိတဲ့ Cell Range ကိုပဲ Select လုပ်ပေး သွားပါမယ်။ နောက်တစ်ခါထပ်ပြီး Ctrl နဲ့ A ကို တွဲနှိပ် လိုက်ပါ။ ဒါဆိုရင် Sheet တစ်ခုလုံးကို Select လုပ်ပေးသွား ပါပြီ။ အဲဒီနောက် Right Click ထောက် ပြီး Format Cell ကို သွားပါ။  Format Cell Box ကျလာပါမယ်။ Protection tab ကိုသွားပြီး Locked  နဲ့ Hidden  မှာ အမှန် ခြစ် တွေရှိနေရင် ဖြုတ်ပေးပါ။ ပြီးရင် အိုကေ ပေးလိုက်ပါ။

၂။ အခု ကိုယ် Password ခံထားချင်တဲ့ (သို့မဟုတ်) Protect လုပ်ထားချင်တဲ့ Cell Range လေးကိုပဲ Select မှတ်လိုက်ပါ။ (အောက်ကပုံမှာတော့ Column B မှာ ရှိတဲ့ Level 4 အောက်က Cell Range လေးကို Select မှတ်ထားပါတယ်။) ပြီးရင် အဲဒီ Select မှတ်ထားတဲ့ အပေါ်မှာ Right Click ထောက်ပြီး Format Cell ကို ပြန်သွားပါ။ ဒီတစ်ခါတော့ Locked ကို အမှန်ခြစ်ခြစ်လိုက်ပါ။

၃။ အခု Reiew Tab အောက်က Protect Sheet ကို ကလစ်လိုက်ပါ။ Password ပေးဖို့ Box လေးကျလာပါမယ်။ ကျလာတဲ့ Box ရဲ့အပေါ်ဆုံးမှာ Protect Worksheet and Contents of Locked Cell ဆိုတာလေးကို အမှန်ခြစ် ခြစ် ပေးပါ။

 

နောက်ထပ် သတိပြုစရာတစ်ခုကတော့ Allow all users of this worksheets to  ဆိုတာပါ၊ သူ့ အောက်မှာကိုယ်က အခြား user တွေကို လုပ်ခွင့်ပြု ချင် တာတွေကို အမှန်ခြစ် ခြစ်ပေးရပါတယ်။ အောက်က ပုံမှာ Select Locked Cell နဲ့ Select Unlocked Cell ကို အမှန်ခြစ်ပေးထားပါတယ်။

၎။  Password က ပေးလဲရတယ်၊ မ ပေးလဲ ရပါတယ်။ ကိုယ်တစ်ယောက်ထဲ ဒီ ဒေတာကို မထိပဲ ထားချင်တာဆို မပေးလဲ ရပါတယ်။ အခြားလူတွေကို မထိစေချင်တာဆိုရင်တော့ Password ခံထားလိုက်ပေါ့။ Password ပေး ပြီး အိုကေလိုက်ရင် နောက်ထပ် Confirm password လုပ်ပေးဖို့ Box တစ်ခု ထပ်ပေါ်လာပါမယ်။ ခုနက ပေးထားတဲ့ Password ကိုပဲ ပြန် ထည့်လိုက်ပါ။

 

၅။ အခုဆိုရင် ခုနက Locked ချ ခဲ့တဲ့ ကိုယ့်ရဲ့ Cell Range ကို Edit လုပ်လို့ မရ တော့ပဲ ကျန်တဲ့ Cell Range တွေကိုတော့ Edit လုပ်လို့ရတာကို တွေ့ရမှာပါ။

ဒါပေမယ့် Protect လုပ်ထားတဲ့ Cell Range ကို Copy ယူလို့ရပါသေးတယ်။ တကယ်လို့ Copy ယူလို့လဲ မရစေချင်ဘူး ဆိုရင် Select Locked Cell ကို အမှန်ခြစ် ဖြုတ်ပေးလိုက်ပါ။

၆။ အခုတော့ ကိုယ် Protect လုပ်ထားတဲ့ Cell Range ကို Edit လုပ်လို့ မရတော့သလို Copy လဲကူးလို့ မရတော့တာ တွေ့ရမှာပါ။