Removing Unwanted Rows Qucikly

 

 

ဒေတာတွေ အများကြီးထဲမှာ Blank Row တွေပါနေပြီး အဲဒီ Row တွေကို ဖျက်ဖို့လိုအပ်နေရင် အခုတင်ပြမယ့် နည်းလမ်းအတိုင်း အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။

 

၁။ ပထမဆုံး ကိုယ်ဖျက်ချင်တဲ့ Blank Row တွေပါတဲ့ Cell Range ကို Select မှတ်လိုက်ပါ။ (တကယ်လို့ Sheet ထဲမှာ ရှိနေတဲ့ Blank Row တွေ အကုန် ဖျက်ချင်တယ် ဆိုရင်တော့ Select မမှတ်လဲ ရပါတယ်)

 

အဲဒီနောက် Home tab ရဲ့ အောက်က  Find & Select (မှန်ဘီလူးပုံ) လေးကို ကလစ်လိုက်ပါ။ ကျလာတဲ့ list ထဲက Go To Special ကို ရွေးချယ်ပါ။

 

၂။ အောက်ကပုံအတိုင်း Go To Special Box ပေါ်လာပါမယ်။ Blank ကိုရွေးပြီး OK ပေးလိုက်ပါ။ ဒါဆိုရင်တေ့ Blank row တွေကို Select မှတ်ပြီးသား   ဖြစ်သွားပါပြီ။

၃။ Select ဖြစ်နေတဲ့ Blank Row တစ်ခုခုအပေါ်ကို Right Click ထောက်ပြီး Delete > Delete Rows ကိုသွားပါ။ (တကယ်လို့ Delete Rows က တစ်ခါတည်းတန်းမ ပေါ်ရင်လဲ Delete ကို နှိပ်လိုက်ပါ။ နောက်ထပ် Box လေးကျလာရင် Delete Rows ကို ရွေးချယ်ပေးပါ။)

၎။ အခုဆိုရင် Blank Row တွေကို Delete လုပ်ပေးသွားပါပြီ။ အောက်က ပုံအတိုင်း ဖြစ် သွားပြီပေါ့။