

To Save Your Time & Energy



ROUND, ROUNDDOWN & ROUNDUP
Excel မှာ ကိန်းဂဏန်းတွေကို Format Cell က နေ ဖြစ်ဖြစ်၊ Home tab ရဲ့ အောက် က နေဖြစ်ဖြစ် Decimal အတိုး အလျှော့ လုပ် တာ တော့ အားလုံး သိ ကြပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီလို အတိုး အလျှော့လုပ်တာက Cell ထဲမှာ ဖော်ပြထားတဲ့ အမြင် ပဲ အတိုးအလျှော့ လုပ် ပေးသွား တာပါ။ တကယ့် မူရင်း တန်ဖိုးက တော့ ပြောင်း လဲ မသွားပါဘူး။
ဥပမာ 23.4713 ကို Format Cell ကနေ Decimal နှစ်ခုပဲ ထား လိုက် ရင် အမြင် မှာ တော့ 23.47 ပေါ့၊ တကယ် အဲဒီ Cell ကို ကလစ် လိုက်ရင် မူရင်းတန်ဖိုး 23.4713 ကို Formula Bar မှာ မြင် ရမှာပါ။
တကယ်လို့ ဒဿ မ တန်ဖိုး တွေကို တိတိကျကျ လို ချင် တယ် ဆိုရင်တော့ ROUND fucntion တွေကို အသုံးပြု လို့ရပါတယ်။ သုံးရတာ လဲ အရမ်း လွယ်ပါတယ်။
သူတို့ရဲ့ Formula တွေက
=ROUND(number,num_digits)
=ROUNDDOWN(number,num_digits)
=ROUNDUP(number,num_digits)
-
number ဆိုတာကတော့ကိုယ် ရဲ့ မူရင်းတန်ဖိုး ၊ ဒါမှ မဟုတ် မူရင်းတန်ဖိုးရှိတဲ့ Cell အမည် ပေါ့။
-
num_digits က တော့ ဒဿ မ နောက်မှာ ဘယ်နှစ်လုံး ထားချင် လဲ ၊ 0 ဆို ဒဿ မ နောက်မှာ ဘာမှ မပါဘူး။ 1 ဆို တစ်လုံး ပါမယ်။ 2 ဆို နှစ်လုံးပါမယ်။ အောက်က ပုံထဲက ဥပမာ လေးတွ ကြည့်လိုက် တာ နဲ့ သဘော တရားကို လုံး ၀ နားလည် သွားမှာပါ။
ROUND

ROUNDDOWN

ROUNDUP
