

To Save Your Time & Energy



ROW, COLUMN, AREA
ROW & ROWS
Formula ထဲမှာ ရေးထားတဲ့ Cell သို့မဟုတ် Cell Range ရဲ့ Row အမှတ်ကို ဖော်ပြပေးဖို့ အသုံးပြုပါတယ်။
သူရဲ့ Formula Syntax က
=ROW(Reference)
=ROWS(array)
Reference က ကိုယ်သိလိုတဲ့ Cell Name
array က ကိုယ်သိလိုတဲ့ Cell Range
အောက်က ဥပမာကို ကြည့်လိုက်ရင် ရှင်းသွားမှာပါ။


ပထမဦးဆုံး Formula က
=ROW()
() ထဲမှာ ဘာမှ ရေးမထားတဲ့အတွက် Formula ရေးတဲ့ Row ကိုပဲ ညွှန်းတာပါ။ အဲဒါကြောင့် Formula ရေးထားတဲ့ Row က 5 ဖြစ်တဲ့အတွက် အဖြေက 5 ပဲ ဖြစ်ပါတယ်။
ဒုတိယ Formula က
=ROW(F30)
F30 က Reference cell
အဲဒါကြောင့် F30 က Row အမှတ် 30 မှာရှိတယ် ၊ ဒါကြောင့် အဖြေက 30
တတိယ Formula က
=ROWS(B32:B87)
B32:B87 က Cell Range, Array ပေါ့။
Row B32 ကနေ B87 အထိရေတွက်လိုက်ရင် Row စုစုပေါင်း 56 ရှိတယ်၊ ဒါကြောင့် အဖြေက 56 ဖြစ်ပါတယ်။
COLUMN & COLUMNS
Formula ထဲမှာ ရေးထားတဲ့ Cell သို့မဟုတ် Cell Range ရဲ့ Column အမှတ်ကို ဖော်ပြပေးဖို့ အသုံးပြုပါတယ်။
သူရဲ့ Formula Syntax က
=COLUMN(Reference)
=COLUMNS(array)
Reference က ကိုယ်သိလိုတဲ့ Cell Name
array က ကိုယ်သိလိုတဲ့ Cell Range
ROW ကိုနားလည်ခဲ့ရင် COLUMN ကို လဲ နားလည်ဖို့ လွယ်ကူပါတယ်။ အောက်က ဥပမာကို ဆက် လေ့လာကြည့်ရအောင်။


ပထမနဲ့ ဒုတိယ Formula နှစ်ခုက နားလည်ရလွယ်ပါတယ်။ တတိယ Formula က
=COLUMNS(G3:Y3)
G3:Y3 က Cell Range, Array ပေါ့။
G3 ကနေ Y3 အထိရေတွက်လိုက်ရင် Column စုစုပေါင်း 19 ရှိတယ်၊ ဒါကြောင့် အဖြေက 19 ဖြစ်ပါတယ်။
AREAS
Formula ထဲမှာ ရေးထားတဲ့ Cell Range စုစုပေါင်း ဘယ်နှစ်ခုပါလဲ ဆိုတာကို ဖော်ပြပေးဖို့ အသုံးပြုပါတယ်။
သူရဲ့ Formula Syntax က
=AREAS( reference )
အောက်က ဥပမာလေးကို ကြည့်လိုက်တာနဲ့ နားလည်သွားမှာပါ။


ပထမဆုံး Formula မှာ Cell Range တစ်ခုပဲ ပါတယ် ၊ ဒါကြောင့် Result က 1
ဒုတိယ Formula မှာ Cell Range သုံးခုပါတယ်၊ ဒါကြောင့် Result က 3
တတိယ Formula မှာ Cell name (D2) တစ်ခုနဲ့ Cell Range လေးခုပါတယ်၊ Cell Name ကိုလဲ Area တစ်ခု အဖြစ် ရေတဲ့အတွက် အဖြေက 5 ဖြစ်ပါတယ်။