

To Save Your Time & Energy



SUMPRODUCT
၁။ SUMPRODUCT Function က ကိုယ့်ရဲ့ အလုပ် ချိန် အများကြီးကို သက်သာ စေနိုင်ပါတယ်။ သူရဲ့ Formula က
=SUMPRODUCT( array1, [array2, ... array_n] )
Formula ကို အသေးစိတ် မရှင်းခင် အောက်က ဥပမာ လေးအရင်ကြည်ရအောင်။

၂။ အပေါ်က ပုံထဲမှာ Item တစ်ခု ချင်းစီရဲ့ ဈေးနှူန်းတွေ၊ သူတို့ ရောင်းရတဲ့ အရေအတွက် တွေ ပေးထားတယ်၊ Item အားလုံး ရဲ့ စုစုပေါင်း ရောင်းရငွေကို တွက်ချင်တယ်၊ ပုံမှန် တွက်ချက်နေကြနည်းအတိုင်းဆိုရင်တော့ အောက် ကအတိုင်း တွက် ချက်ကြပါလိမ့်မယ်။

Formula

Result
၃။ အပေါ်က တွက်ချက် တဲ့ဥပမာ လို တစ်ဆင့်ချင်း တွက်ချက်နေရမယ့် အစား SUMPRODUCT ကို အသုံးပြု တွက်မယ် ဆိုရင် Formula တစ်ကြောင်းထဲနဲ့ အဖြေရနိုင်ပါတယ်။ SUMPRODUCT နဲ့ တွက်ဖို့ အတွက် အောက်က ပုံအတိုင်း Formula ရေးလိုက်ပါတယ်။

Formula

၎။ အပေါ်ကအတိုင်း ရေးပြီး Enter ခေါက်လိုက် တာနဲ့ အောက်က ပုံအတိုင်း အဖြေရပါပြီ။
Result
၅။ အခုဆိုရင်တော့ SUMPRODUCT ရဲ့ သဘောတရားကို နားလည်လောက်ပါပြီ။ အဲဒီတော့ Formula ကို ပြန် ရှင်းရအောင်။
သူရဲ့ မူရင်း Formula က
=SUMPRODUCT( array1, [array2, ... array_n] )
ဥပမာထဲမှာ ရေးထားတဲ့ Formula က
=SUMPRODUCT(B2:B10,C2:C10)
B2:B10 က array1
C2:C10 က array2 ပေါ့
List နှစ်ခုက ဂဏန်းတွေကို Row တူတာချင်း မြှောက်ပေးသွားမယ် ၊ပြီးရင် အားလုံး ပေါင်း လိုက် တယ်ပေါ့။
၆။ တကယ်တော့ SUMPRODUCT ဆိုတာကလဲ SUM function ရယ် PRODUCT function ရယ် ပေါင်းထားတာပါ။
SUM က တော့ အားလုံး သိကြပါတယ်။
PRODUCT ဆိုတာက မြှောက်တာပါ။
=B2*C2 လို့ ရေးထားတာ ဟာ =PRODUCT(B2,C2) လို့ ရေးတာနဲ့ အတူတူပါပဲ။