၁၅။ UNIT Conversion in Excel


Excel မှာ Unit တွေကို အလွယ်တကူ ပြောင်းလို့ရပါတယ်။ အကွာအဝေး၊ အလေးချိန်၊ အချိန်၊ အပူချိန်၊ ဖိအား၊ စွမ်းအင် စသဖြင့် အစုံပါပဲ။

အခု ဓါတ်ပုံထဲမှာ "မိုင်" က နေ "ပေ" ကို ဥပမာ အဖြစ် ပြောင်းထားပါတယ်။
ပြောင်းတဲ့အခါ Convert function သုံးရပါတယ်။

 

ကျနော်ရေးထားတဲ့ Formula က      

 =Convert(A2,"mi","ft")
 

  • A2 နေရာမှာ မိမိ Cell အ မည်အစားထိုးပါ။ 

  • mi (မိုင်) နေရာမှာ ကိုယ့်ရဲ့ မူရင်း ယူနစ်၊ ft နေရာမှာ ကိုယ်ပြောင်းချင်တဲ့ ယူနစ် ပေါ့။ ယူနစ်တွေ ရေးတဲ့အခါ မျက်တောင် အဖွင့်အပိတ် နဲ့ရေးရပါတယ်။

 

 

 

 

 

 

 

 

 

 

 

အသုံးများမယ် ထင်တဲ့ အကွာအဝေးယူနစ်၊ အချိန်ယူနစ်နဲ့ အပူချိန်ယူနစ်တို့ကို အောက်မှာ ဖော်ပြ လိုက်ပါတယ်။ အပြည့်အစုံ လိုချင်ရင်တော့  ဒေါင်းယူပါ

 

အကွာအဝေး

Meter "m"
Mile "mi"
Inch "in"
Foot "ft"
Yard "yd"

 

အချိန် 

Year "yr"
Day "day"
Hour "hr"
Minute "mn"
Second "sec"

အပူချိန်

Degree Celsius "C" (or "cel")
Degree Fahrenheit "F" (or "fah")
Kelvin "K" (or "kel")

၁၄။ Bullet in a Cell

 

Cell တစ်ခုအတွင်းထဲမှာ Bullet ထည့်ဖို့ တစ်ခါတစ်ရံလိုအပ်ပါလိမ့်မယ်။

ထည့်နည်း အမျိုး မျိုးရှိတဲ့ အနက် အလွယ်ကူဆုံး နည်းလမ်းလေးကတော့ Alt ကီး Shortcut ပါပဲ။

Alt ကီး ကို ဖိ ထားပြီး 0149 ကို ရိုက်လိုက်ပါ။ ပြီးရင် Alt ကီးကို လွှတ်လိုက်ပါ။ ဒါဆိုရင်တော့ အနက်ရောင် အစက် Bullet လေးကို တွေ့ရမှာပါ။
Alt + 0149 က Laptop မှာ လဲ အလုပ်လုပ်ပါတယ်။ Excel Version အကုန်လဲ အလုပ်လုပ်ပါတယ်။ (ကျေနာ် စမ်းသပ်မိသလောက် ပြောတာပါ)

 

 


 

 

 

 

 

 

 

 

 

Desktop သုံးနေတယ်။ Excel Version အမြင့်လဲ သုံးနေတယ် ဆိုရင်တော့ အောက်က Alt ကီး အတွဲလေးတွေလဲ စမ်းသပ် အသုံးပြု နိုင်ပါတယ်။ ကိုယ့်ရဲ့ စက် အပေါ် မူတည်ပြီး ရ မရတော့ ကွဲ ပြားနိုင်ပါတယ်။

 

 ALT + 4            ► ALT + 16           • ALT + 7            ○ ALT +9           ■ ALT + 254

၁၁။ Excel ဖိုင် ကို Password ဖြင့် ကာကွယ်နည်း 

 

ကိုယ့်ရဲ့ Excel ဖိုင် တွေကို password ခံထားလို့ရတယ် ဆိုတာ သိကြမှာပါ၊ Password ခံတဲ့ နေရာမှာ ကိုယ့်ရဲ ဖိုင်ကို လုံးဝ ဖွင့်ကြည့်လို့ မရအောင်လုပ်တာ၊ Modify လုပ်လို့ မရအောင် လုပ်တာ၊ copy ကူး လို့ မ ရအောင် လုပ်တာ၊ Row တွေ Column တွေ ထပ် ထည့်လို့ မရ အောင် လုပ်တာ စသဖြင့် Option တွေ အများကြီးရှိတာကိုတော့ သတိထား မိချင် မှ ထားမိပါလိမ့်မယ်။

 

နည်းလမ်း (၁)

ဒီနည်းက ကိုယ့်ရဲ့ ဖိုင် တွေကို အခြား လူ တစ်ယောက်က ကြည့်လို့တော့ရမယ့် ၊ ဒါပေမယ့် Edit လုပ်တဲ့နေရာမှာ ကိုယ်ခွင့်ပြု ထားတဲ့ ကန့်သတ်ချက်အတိုင်းပဲ သူုတို့ လုပ်ခွင့်ရှိမှာ ဖြစ်ပါတယ်။
 

၁။. Review tab အောက်က Protect Sheet ကို ကလစ်ပါ။

၂။  ကိုယ် ထည့်ချင်တဲ့ password ကို ထည့်ပါ။ အဲဒီ အောက်မှာ Option တွေ အများကြီးရှိတာကို တွေ့ရမှာပါ၊ ကိုယ်က ဘာ တွေကန့်သတ်ချင်လဲ၊ အမှန် ချစ် ခြစ်တဲ့ဟာကို အခြားလူ က လုပ် လို့ရသွားမှာပါ။ ဘာမှ အမှန် ခြစ် မခြစ်ရင်တော့ မြင်ပဲ မြင် ရမယ်၊ ဘာ မှ edit လုပ် လို့ မရဘူးပေါ့။
၃။ Password ကို နောက်တစ်ခါ ထပ်ထည့် OK ပေးပါ။

အခု ကျနော်တို့ Excel ဖိုင်ကို password မထည့်ရင် ကိုယ်ပေးထားတဲ့ limitation အတိုင်းဘာမှ edit လုပ်လို့မရတာကို တွေ့ရမှာပါ၊ ကိုယ်က password ပြန် ဖြေချင်တယ် ဆိုရင်လဲ ပုံ (၄) မှာ ပြထားတဲ့အတိုင်း Unprotect sheet ကိုသွားပြီး ကိုယ့်ရဲ့ Password ပြန် ထည့်ရုံပါပဲ။

နည်းလမ်း (၂) 

 

ဒီနည်းကတော့ ကိုယ့်ရဲ့ ဖိုင်ကို လုံးဝဖွင့်ကြည့်လို့မရအောင်  Password ခံချင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ကိုယ်ရဲ့ဖိုင်ကို သိမ်းတဲ့အခါ Save as window ပေါ်လာပါမယ်။ အဲဒီ Window ရဲ့ အောက်နားမှာ Tool >> Genreal Option ကို သွားလိုက်ရင် General Option Box လေးပေါ်လာပါမယ်။ Password to Open ကို အသုံးပြုရင် ဖိုင်ကိုဖွင့်တဲ့အခါ Password တောင်းမယ်။ Password to modify ကို အသုံးပြုရင် ဖိုင်ကို Edit လုပ်ချင်တဲ့အခါ Password တောင်းမှာဖြစ်ပါတယ်။

 

၁၆။ Excel Camera

 

Excel မှာ အသုံးဝင်ပြီး လူသိနည်းတဲ့ Tool တွေ Function တွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ Camera tool လဲ တစ်ခု အပါအ၀င် ဖြစ်ပါလိမ့်မယ်။

Excel ဖိုင် တွေ သုံးလေးခုနဲ့ ဟို ကြည့်လိုက် ဒီကြည့်လိုက် ဖြစ်တာမျိုးဆိုရင် ကိုယ်ကြည့်ချင်တဲ့ နေရာကို Camera လေးနဲ့ ယူထားပြီး ကိုယ်အလုပ်လုပ်နေတဲ့ worksheet မှာ ထည့်ထားရုံပေါ့။ မူရင်း sheet မှာ ဒေတာ ပြောင်းလဲတိုင်း ကိုယ်အလုပ်လုပ်နေတဲ့ ဖိုင် ထဲက ဓါတ်ပုံမှာလဲ ဒေတာတွေ ပြောင်းလဲ ပေးသွားမှာမို့ အတော် အဆင် ပြေပါတယ်။

ပုံ (၁) မှာ ပြထားတဲ့အတိုင်း Excel Option >> Quick Access Tool Bar >>.All Command >> Camera အဆင့်ဆင့်သွားလိုက်ပါ။ ပြီးရင် Add လုပ် OK ပေးတာနဲ့ Access toolbar မှာ ကင်မရာ လေး မြင်နေရပါပြီ။

ဓါတ်ပုံရိုက်ဖို့ ကိုယ်လိုချင်တဲ့အပိုင်းကို Select မှတ်လိုက်ပါ။ ပြီးရင် ပုံ (၂) မှာ ပြထားတဲ့အတိုင်း ကင်မရာလေးကို တစ်ချက်နှိပ်လိုက်ပါ။ အဲဒါဆို အပေါင်း လက်ခဏာလေး ပေါ်လာပါမယ်။ ကိုယ် ကြည့်ချင်တဲ့၊ ကိုယ် အလုပ်လုပ် နေတဲ့ Workbook ၊ Sheet မှာ တစ်ချက် ကလစ်ပေးလိုကရုံပါပဲ။

ဒါဆိုရင်တော့ ကိုယ်အလုပ်လုပ်နေတဲ့ Worksheet မှာ ကိုယ်ကြည့်ချင်တာတွေ အလွယ်တကူ ကြည့်လို့ရသွားပြီ။ မူရင်း Sheet က ဒေတာ တွေ အ ပြောင်း အလဲ လုပ်တိုင်းလဲ ဒီ ဘက် Sheet မှာ အပြောင်း အလဲ လုပ် ပေးသွားမယ်ဆိုတော့ Sheet တစ်ခုနဲ့ တစ်ခု ပြောင်းရတဲ့ အချိန်တွေကုန်တာ အတော် သက်သာ သွားမှာပါ။

 
 
 
 
 

၁၂။ Using Clipboard Efficiently

 

တစ်ခါတစ်ရံမှာ ပထမ Data ကို ကော်ပီယူ၊ Paste ချ၊  ပြီးရင် ဒုတိယ Data ကို Copy ယူ paste ချ၊ ပြီးရင် ပထမ Data ကို ပြန်သွားရ Copy ယူ ရပြန် နဲ့ အလုပ်ရှူ ပ်နေရတတ်ပါတယ်။

အဲဒီလို မရှူ ပ်ရလေ အောင် Clipboard က ကူညီပေးနိုင်ပါတယ်။
Clipboard ဆိုတာ ကျနော်တို့ Copy ယူထားတဲ့ Data တွေကို ယာယီ သိမ်းထားတဲ့နေရာပေါ့။

 

Clipboard ကို ခေါ်ဖို့ Home ရဲ့ အောက် ၊ ပုံထဲမှာ ကျ နော်ဝိုင်းပြထားတဲ့ မြှားလေးကို ကလစ်လိုက်ပါ။ အဲဒါဆို Clipboard ပေါ်လာပါပြီ။
အခုအချိန်ကစ ပြီး ကျနော်တို့ Copy ယူထားတဲ့ data တွေကို Clipboard ထဲမှာ မြင် နေရမှာပါ။
ကိုယ် က paste ချ ချင်တဲ့ Cell အကွက်မှာ Cursor ချ ပြီး ကိုယ်အသုံးပြုမယ့် ဒေတာကို Mouse လေး တစ်ချက် ကလစ် ပေးလိုက်တာနဲ့ရပါပြီ။

သူရဲ့ မူရင်း ဒေတာ ရှိတဲ့နေရာကို ပြန်သွားစရာ မလိုတော့ဘူးပေါ့။

၁၃။ Spelling Check in Excel

Word မှာ လို Spelling မှားတာနဲ့ အနီလိုင်းလေး ပြမပေးပါဘူး။
တကယ်လို့ လိုအပ်ခဲ့ရင် တော့ Spelling check လေးနဲ့ စစ်လိုက်တာ စိတ် အချရဆုံးပါပဲ။

Spelling Check လုပ်ချင်တယ် ဆို ရင် Review ရဲ့ အောက်က Spelling ဆိုတာလေးကို ရွေးပေးရုံပါ။ Shortcut အနေနဲ့ F7 ကို အသုံးပြုနိုင်ပါတယ်။

ကိုယ်စ စစ်စေချင်တဲ့ Cell မှာ Cursor ချ ပြီး Spelling လေးကို ကလစ်လိုက်ပါ။ စာကြောင်းထဲမှာ မှားတဲ့ စကားလုံး တွေ့တာနဲ့ မေးပါလိမ့်မယ်၊ အမှန် ဖြစ်နိုင် ချေရှိတဲ့ စကားလုံးတွေကို အောက်မှာ ဖော်ပြထားလို ကိုယ်လို အပ်တာ ရွေးချယ်ပြီ Change လေးကို ကလစ် ရုံပါပဲ။ အဲလို အလားတူစကားလုံးတွေ တိုင်းကို ပြောင်းချင်ရင် Change All ပေါ့။

မ ပြောင်းချင်ဘူး အရင် တိုင်း ပဲ ထားရမယ့်စကားလုံးဆိုရင်၊ Ignore , Ignore All စသဖြင့်ပေါ့။

 

၁၇။ Go to the Right Cell after pressing Enter


Enter ခေါက်လိုက်ရင် အောက်က Cell အကွက်ကိုရောက်သွားတာ အားလုံး သိပါတယ်။ အဲလို အောက်ကို ရောက်မသွားပဲ ညာဘက် ရောက်အောင်၊ အ ပေါ် ရောက်အောင်၊ ဘယ်ဘယ်ရောက်အောင် အကုန် ပြောင်းလေးပေးလို့ရပါတယ်။

ဥပမာ ကိုယ်က စာရင်း တွေကို အလျားလိုက် ထည့်နေရတယ်ဆိုပါစို့။
ညာဘက်က Cell ကို သွားဖို့ Right Arrow Key ကို သွားနေရပါတယ်။ 

Enter ခေါက်လိုက်တာနဲ့ ညာဘက် ရောက် အောင် Setting ပြောင်းထားလိုက်ရင် အချိန်ကုန်သက်သာတာပေါ့။

အလုပ်ပြီးသွားရင် ကိုယ့်ရဲ့ မူရင် Setting ကို ပြန် ချိန် ထားလိုက်ရုံပါပဲ။

လိုအပ်တယ်ဆိုရင် Excel Option ကနေ Advance ကိုသွား ၊ အဲဒီမှာ After pressing Enter, move selection အောက်က Direction မှာ ကိုယ် နှစ်သက်တာကို ရွေးပေးလိုက်ပါ။