

To Save Your Time & Energy


၃။ Transpose
Transpose ဆိုတာ ကျ နော်တို့ရဲ့ ဒေတာ တွေက Column လိုက် ထည့်ထားရာကနေ အလွယ်ကတူ Role အဖြစ် ပြောင်း၊ Role က နေ Column အဖြစ် အလွယ်တကူ ပြောင်းတဲ့နေရာ မှာ သုံးတဲ့ Function တစ်ခုပါ။ ပုံ (၁) ကို ကြည့်ပါ။
အဲဒီလို အလွယ်တကူ လုပ်ဖို့ ကျ နော်တို့ရဲ့ ဒေတာ တွေကို အရင် Select လုပ် လိုက် ပါ။ ပြီးရင် Right Click ထောက်လိုက်ပါ၊ ပုံ (၂) ထဲက အတိုင်း Paste Special ကို ရွေးချယ်ပါ။ Paste Special box တစ်ခု ပေါ် လာ ပါမယ်။ အဲဒီ Box ထဲမှာ ပုံ (၃) ထဲက လို Transpose ကို ရွေးချယ်လိုက်ရင် ဖြင့် ကျ နော်တို့ရဲ့ ဒေတာ လေးက ပုံ (၁) ထဲက အတိုင်း Column က နေ Role အဖြစ် ပြောင်းသွားပါလိမ့်မယ်။

၁။ To Sum Quickly
Column တစ်ခု Role တစ်ခု မှာ ရှိတဲ့ ကိန်းဂဏန်း တွေကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ပေါင်းချင်ရင်တော့ Alt ကီးနဲ့ = လေးကို တွဲ နှိပ် လိုက်ရုံပါပဲ။ ပုံ (၁) မှာ ၀ိုင်းထားတဲ့ အကွက် နေရာကို Alt နဲ့ = တွဲနှိပ်လိုက်တာနဲ့ ပုံ (၂) လို မြင်ရမယ်၊ Enter ခေါက် လိုက်ရင်တော့ ပုံ (၃) မှာ မြင်ရတဲ့အတိုင်း ပေါင်းခြင်းရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။

၂။ One click to select All
Sheet တစ်ခု လုံးကို select မှတ် ချင်ရင် အလွယ်ကူဆုံးနည်းလမ်းကတော့ ပုံထဲမှာ ၀ိုင်းထားတဲ့ နေရာကို Click တစ်ချက် နှိပ် ရုံပါပဲ။

၎။ Status Bar in Excel
Status Bar ဆိုတာ Excel window ရဲ့ အောက်ဆုံးမှာ မြင်ရတဲ့ Bar လေး ဖြစ်ပါတယ်။ အဲဒီ Bar လေး မှာ အသုံးများတဲ့ Option တွေ လိုအပ်သလို ထည့်လို့ရပါတယ်၊
အခု ပုံလေးထဲမှာ ကျ နော်ကြည့်လို တဲ့ data အချို့ ကို Select ရွေးချယ် လိုက်တာနဲ့ Status Bar မှာ Total Sum, Average, Count စသဖြင့် ပေါ် နေပါတယ်။ ကျ နော် စက်ဝိုင်းလေး ၀ိုင်း ထားတဲ့ box လေးကို Right Click နှိပ်လိုက်ရင် ညာဘက်က ပုံမှာ ပေါ်တဲ့အတိုင်း Option တွေ အများကြီး တွေ့ရမှာပါ။ ကိုယ်မြင်လိုတဲ့ Option ကို အမှန်ခြစ် ပေးလိုက်ရုံပါပဲ။

၅။ Custom List in Excel
Excel မှာ 1, 2, လိုက် ရိုက်ပြီးတာနဲ့ 3,4,5,..... လိုအပ်သလောက် Auto fill လုပ် ပေးတာ၊ Sunday, Monday ဆိုတာနဲ့ နေ့တွေ အကုန် လုံး Auto fill ဖြည့်ပေးတာ၊ လ အမည် တွေကို လဲ ဒီလို ဖြည့်ပေးတာ အားလုံးသိပြီးဖြစ်မှာပါ၊
အဲလိုပဲ ကိုယ်ကြိုက်တဲ့ List ကို Excel မှာ ထည့် ထားလို့ရပါတယ်။ ဥပမာ ကိုယ့် Company က ၀န်ထမ်းစာရင်းဆိုပါတော့၊မောင် မောင် လို့ တစ်ချက် ရိုက် လိုက်တာနဲ့ ကျန်တဲ့ လူစာရင်းကို Auto fill လုပ်ပေးလို့ရတာမျိုးပေါ့။ ဓါတ်ပုံထဲမှာ Mg Mg လို့ တစ်လုံးတည်းရိုက်ပြီး Autofill လုပ်ထားတာပါ။ အလျားလိုက် ဒေါင် လိုက် လိုအပ်သလို Auto fill လုပ် ပေးလို့ရပါတယ်။
အဲဒီလိုလုပ်ဖို့ အတွက်
1. Excel မှ Option ကို သွားပါ
2. Option box မှ Advance ကို ရွေးပါ။ Edit list တွေ့သည် အထိ scroll ဆွဲချပါ။ (Excel 2007 မှာတော့ Edit Custom List ကိုတွေ့ဖို့ Option box မှ Popular ကိုရွေးပါ။)
3. Edit List ကို နှိပ်ပါ
4. Box အသစ် ပေါ် လာပါမည်။
ထိုအထဲမှ New List ကို ရွေးပါ။ ညာဘက် အကွက်တွင် မိမိ၏ List ကို ထည့်ပါ။ (အဲဒီအကွက်ထဲမှာ Copy , paste လုပ်လို့ရပါတယ်။ ဇ်ာဂျီမြန်မာဖောင့် နဲ့ စမ်းကြည့်တော့လဲ အဆင် ပြေတာ တွေ့ရပါတယ်)
အဲဒီ နောက် Ok အဆင့်ဆင့် ပေးပြီးရင် ကိုယ်ရဲ့ ကိုယ်ပိုင် List လေးကို အသုံးပြု လို့ရပါပြီ။

၆။ Format Painter
Cell တစ်ခု မှာ ရှိတဲ့ Format တွေ အတိုင်း အခြား Cell တွေမှာ အတူတူဖြစ်စေချင်တယ်ဆိုရင် Format Painter က အချိန်တိုအတွင်း လုပ်ဆောင် ပေးနိုင်ပါတယ်။
၁။ ကိုယ်ကော်ပီ ကူချင်းတဲ့ မူရင်း Cell အကွက်ကို Cursor ချပါ။ ပြီးရင် လေးထောင်ကွက်ထဲမှာ ရှိတဲ့ Format Painter ကို ကလစ်ပါ။
၂။ ပုံ 2 ကလို Cursor လေး ပြောင်းသွားပါမယ်။ ပြီးရင် ကိုယ် Format ချ ချင် တဲ့ အကွက်တိုင်းကို လိုက် ကလစ်ပါ။ ပုံ ၃ ထဲက အတိုင်း ဖြစ်ပါတယ်။
(format painter ကို တစ်ချက်ပဲ ကလစ်ရင် တစ်ခါပဲ copy ကူးလို့ရပါတယ်၊ ပြီးတာနဲ့ Cursor က မူလ အတိုင်း ပြန်ဖြစ်သွားပါမယ်။ နှစ်ချက် ကလစ်ရင်တော့ ကိုယ်လိုအပ်သလောက် format တွေကို ပွါးလို့ရပါတယ်၊ ပြီးသွားရင် လေးထောင့်အကွက်ထဲက format painter ကို ပြန်ပြီး ကလစ်ပေးပါ။ ဒါဆို မူလအတိုင်း ပြန် ဖြစ် သွားပါပြီ)

၇။ Arrange to View Multiple Windows
တစ်ခါတစ်ရံမှာ ကျနော် တို့ Excel ဖိုင် တွေ အများကြီးဖွင့်ဖို့လိုအပ်တတ်ပါတယ်၊ ကိုယ်ဖွင့်ထားတဲ့ ဖိုင် တွေကို Computer Screen မှာ အကုန်မြင် နေဖို့လိုအပ်ခဲ့ရင် Arrange window နဲ့ အလွယ်တကူ လုပ်လို့ရပါတယ်။
1. View tab ကို သွားပါ။
2. Arrange Window အား နှိပ်လိုက်ပါက Box တစ်ခု ပေါ် လာပါမယ်။
အဲဒီ Box မှာ Option လေးခု ရှိပါတယ်၊ နှစ်သက်သလို အသုံးပြု နိုင်ပါတယ်။
ကျနော့်ပုံထဲမှာ Vertical ပေးထားတဲ့အတွက် Excel window တွေကို ဘေးချင်း ယှဉ်ပြီးမြင်ရတာပါ၊ ဓါတ်ပုံထဲမှာတော့ နှစ်ဖိုင်ကိုပဲ ယှဉ်ပြထားပေမယ့် နှစ်ဖိုင်ထက် ပိုပြီး ယှဉ်ကြည့်လို့ရပါတယ်။
3. Excel Window တစ်ခုတည်းပဲ ပြန် မြင်ချင်ရင်တော့ Box လေးထဲက အောက်ဆုံးမှာ Window of active workbook ကို ရွေးချယ်လိုက်ရုံပါပဲ။

၈။ Speak out the data in Excel
Excel မှာ Data သွင်းတဲ့အခါ ဖြစ်ဖြစ်၊ သွင်းပြီးသား Data တွေကို စစ်တာဖြစ်ဖြစ် စာရွက် ကြည့်လိုက် ၊ ကွန်ပျူ တာ ကြည့်လိုက် နဲ့ အလုပ် သိပ် မဖြစ်ပါဘူး။ အဲဒီအခက်အခဲကို Speak function လေးက အလွယ်တကူ ဖြေရှင်းပေးမှာပါ။
ကိုယ်ရိုက်လိုက်တဲ့ Cell ကို Enter ခေါက်လိုက်တာနဲ့ သူက အသံထွက်ပေးမယ်၊ ကိုယ် Select မှတ် ထားတာ ကို သူ့ကို အသံထွက်ဖတ်ခိုင်း လို့ရတယ်၊ ကိုယ်က စာရွက်လေး ကိုပဲ ကြည့်နေရုံပေါ့။
Speak Function လေးကို ဖော် ဖို့ Excel ရဲ့ Option ကို သွားပါ။
၁။ Box 1 မှာ ပြထားတဲ့အတိုင်း Quick Access Toolbar ကို ရွေးပါ။
၂။ Box 2 မှာ ပြထားတဲ့အတိုင်း All command ကို ရွေးပါ။ (Default အနေနဲ့ Popular Command) ဖြစ်နေတတ်ပါတယ်။
၃။ Box 3 မှာ ပြထားတဲ့အတိုင်း Speak function တွေ တွေ့သည်အထိ Scroll down ဆွဲပါ။ ပြီးရင် မြှားပြထားတဲ့အတိုင်း Add လုပ်ပါ။
၎။ Box 4 အတိုင်း ဖြစ်တာနဲ့ OK ပေးပါ။
၅။ Box 5 က အတိုင်း မြင်ရပြီ ဖြစ်တဲ့အတွက် သုံးဖို့ အဆင်သင့်ပါပဲ။
"How to use"
i . ကိုယ် Select မှတ်ထားတဲ့ Cell တွေကို အသံထွက် ဖတ်ပေးသွားမှာပါ။
ii. အသံထွက်ဖတ်တာကို ရပ်တာပါ။
iii. Selection မှတ်ထားတဲ့ Cell တွေကို ဒေါင်လိုက် တစ်ခုပြီးတစ်ခု ဖတ် ပေးသွားမှာပါ။
iv. Selection မှတ်ထားတဲ့ Cell တွေကို အလျားလိုက် တစ်ခုပြီးတစ်ခု ဖတ် ပေးသွားမှာပါ။
v. ဒါလေးကတော့ ဒေတာ သွင်းတဲ့အခါ အသုံးဝင်ပါတယ်၊ Enter တစ်ချက် ခေါက်လိုက်တာနဲ့ ကိုယ့်ထည့်တဲ့ ဒေတာကို အသံထွက်ပေးသွားမှာပါ။ အသုံးပြု ချင်ရင် သူ့ကို တစ်ချက်နှိပ်ပါ။ ရပ်ချင်ရင်လဲ သူ့ကို တစ်ချက် ပြန် နှိပ်ပါ။

၉။ Freeze Panes
Data တွေ အများကြီးနဲ့ အလုပ်လုပ်ရတဲ့အခါ Scroll ဆွဲလိုက်ရင် ကိုယ့်ရဲ့ Header Row ဒါ မှမဟုတ် First Column က Scroll နဲ့ အတူ လိုက်မသွားပဲ ကိုယ့်ရဲ့ View မှာ မြင်နေရရင် အလုပ် ပိုတိကျ ပြီး ထိရောက်တာပေါ့။
ပုံလေးကို ကြည့်လိုက် ရင် ရှင်းသွားမှာပါ။
၁။ ပထမဆုံး ကျနော် 95.625 ဆိုတဲ့ ကိန်းဂဏန်းရှိတဲ့ Cell ကို Cursor ချ လိုက်ပါတယ်။
၂။ View ကို နှိပ်လိုက်ပါတယ်
၃။ မြှား ပြထားတဲ့ Freeze panes ဆိုတာလေး တစ်ချက် ကလစ်လိုက်တဲံအခါ menu လေး ကျလာပါတယ်၊ အဲဒီ ထဲက ကျ နော်အပေါ် ဆုံး Freeze panes ဆိုတာလေး ရွေးလိုက်ပါတယ်။
အခု ကျနော် Scroll ကို ဒေါင်လိုက် ပဲ ဆွဲဆွဲ၊ အလျားလိုက် ပဲ ဆွဲ ဆွဲ အစိမ်းရောင် အကွက်လေးက အမြဲ မြင်နေရတော့မှာပါ။ (အလုပ်လုပ်တဲ့အခါ ကာလာ ထည့်စရာမလိုပါဘူး၊ ရှင်းပြလို့ လွယ် အောင် ကာလာ ထည့်ပေးထားတာပါ)
95.625 ကိန်း ဂဏန်းရှိတဲ့ အကွက်ကို Cursor ချခဲ့တဲ့အတွက် သူရဲ့ အပေါ်ဘက်က Row ရယ်၊ ဘယ်ဘက်က Column ရယ် ကို Freeze လုပ်ပေးသွားတာ ဖြစ်ပါတယ်။
ဒါ ကြောင့် Freeze panes မလုပ်ခင် ကျနော် တို့ Cursor ချခဲ့တဲ့ နေရာက အရေးကြီးတာပါ။
Freeze panes ရဲ့ Menu မှာ ထပ်ပါတဲ့
Freeze top row က တော့ အပေါ် ဆုံး Row ကို Freeze လုပ်ပေးသွားမယ်၊ Freeze first column က လဲ ပထမဆုံး Column ကို Select လုပ်ပေးသွားမယ်ပေါ့။
တကယ်လို့ Freeze panes မလိုတော့ဘူးဆိုရင်လဲ Box 4 မှာ ပြထားတဲ့အတိုင်း Unfreeze လုပ်လိုက်ရုံပါပဲ။

၁၀ ။ Auto Correct
တစ်ခါတစ်ရံမှာ လူ နာမည်၊ Company နာမည်၊ Scientist name စသဖြင့် ရှည်လျားထွေပြား စကားလုံးတွေကို ထပ်ခါတလဲလဲ ရိုက်နေရတတ် ပါတယ်။ အဲဒီလို မရှည်လျား အောင် Auto Correct Function လေးက ကူညီပေးနိုင်ပါတယ်။
ဥပမာ- Excel မှာ yuo လိုက်ရိုက်လိုက်ရင် You လို့ ပြင်ပေးသလိုပေါ့။ ကျနော် ပုံထဲမှာ မြန်မာဘာသာ ကို ဘယ်လို အစားထိုးမလဲ ရှင်းပြပေးထား ပါတယ်။ မြန်မာ ဘာသာကို အစားထိုးတတ်ရင် English လိုကတော့ အလွယ်လေးပေါ့။
၁။ ပထမဆုံးကိုယ်အစားထိုးချင်တဲ့ အမည် စကားလုံးကို ရိုက်လိုက်ပါ။ ကျနော် Win Reseracher font နဲ့ ဥပမာ ပြထားပါတယ်။
"အခမဲ့ ဆွေးနွေး အဖြေရှာပေးနေပါတယ်" ဆိုတာကို ရိုက်ပြီး အဲဒီ Cell မှာ Cursor ချလိုက်ရင် Formula Bar (Box 1) မှာ English စာလုံးလေးတွေ ပေါ်နေပါတယ်၊ အဲဒီ စာလုံးလေးတွေကို Copy ယူလိုက်ပါ။
၂။ Excel Option က နေ Proofing (Box 2), Auto Correct Option (Box 3) အဆင့်ဆင့်သွားပါ။
၃။ ပုံမှာ ပြထားတဲ့အတိုင်း Box 4့  မှာ ကိုယ် Copy ယူလာတဲ့ စာလုံးလေးတွေ ထဲ့လိုက်ပါ။ tcr နေရာမှာ ကိုယ် အသုံးပြု ချင်တဲ့ စကားလုံး အတို ကို အစားထိုးလိုက်ပါ။ ပြီးရင် Add လုပ်၊ Ok ပေးပါ။
၎။ အသုံးပြုဖို့ အဆင်သင့် ဖြစ်သွားပါပြီ။ အခု Box 5 မှာ ပြထားတဲ့အတိုင်း ကျေနာ် tcr ကို ပဲ ရိုက်ပြီး Enter ခေါက်လိုက်တဲ့အခါ " အခမဲ့ ဆွေးနွေး အဖြေရှာပေးနေပါတယ်" ဆိုပြီး ပေါ်လာပါပြီ။
ကိုယ့်ရဲ့ Sheet ကို ကိုယ်အသုံးပြုမယ့် မြန်မာ ဖောင့် ကြိုတင် ရွေးချယ်ထားဖို့တော့ လိုတာပေါ့
