

To Save Your Time & Energy



Waterfall Chart
Project တစ်ခု၊ လုပ်ငန်းတစ်ခုရဲ့ အရှူံးအမြတ်၊ အတက်အကျကို ထိထိရောက်ရောက်နဲ့ ဖော်ပြနိုင်ဖို့ Waterfall Chart ကို အသုံးပြုနိုင်ပါတယ်။ အောက်က ဥပမာမှာ Project မစခင် ပမာဏရယ်၊ လစဉ်အတက်အကျရယ် အချက်အလက်တွေကို Waterfall chart နဲ့ ရှင်းရှင်းလင်းလင်းပြထားတာမြင်တွေ့ရမှာပါ။

၁။ ပထမဆုံး လ အမည်တွေရှိတဲ့ Column နဲ့ Cash Flow Column ကြားကို Base, Fall, နဲ့ Rise ဆိုပြီး Column သုံးခု ထည့်လိုက် ပါ။ ပြီးရင်အောက်မှာ ပြထားတဲ့အတိုင်း Formula ရေးထည့်ပါ။

၂။ပြီးရင် Autofill နဲ့အောက်ကို ဆွဲချလိုက်တာနဲ့ အောက်ပါအတိုင်း သူတို့ရဲ့ ရလာဒ်တွေကို တွေ့ရမှာပါ။

၃။ Cash Flow Column မပါပဲ ပထမဆုံး Column လေးခုကို Select မှတ်ပြီး Column Chart ထဲမှာ အောက်မှာ ပြထားတဲ့အတိုင်း Stacked column chart အမျိုးအစားကို ရွေးပေးလိုက်ပါ။ အောက်မှာ အနီရောင် Box နဲ့ ၀ိုင်း ပြထားပါတယ်။

၎။ Chart ကျလာပြီဆိုရင် Base ရဲ့ Data ကို ကိုယ်စားပြုတဲ့ Chart အပိုင်းကို Right Click ထောက်ပြီး၊ Format Data Series ကို သွားလိုက်ပါ။

၎။ Fill မှာ No Fill ၊ Border Color မှာ No Line ၊ Series Option အောက်က Gap Width မှာ 15 % (ကိုယ်နှစ်သက်သလို ပြောင်းလဲ နိုင်ပါတယ်)
Excel Version 2007 & 2010



Excel Version 2013


၅။ ဒါဆိုရင်တော့ ကိုယ်လိုချင်တဲ့ Waterfall Chart ရပါပြီ။ Rise နဲ့ Fail ရဲ့ အရောင်ကိုလဲ နှစ်သက်သလို ပြောင်းလဲနိုင်ပါတယ်။
